၇ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်

၇ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်

Sunday, February 23, 2025

ဂမ္ဘီရ

မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။

အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ်လွန်လွန်ကဲကဲ စာနာနားလည်တတ်သည်။

အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင်တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက်သဖြင့် မချစ်တတ်သောသူဟူ၍ အထင်မှားခံရတတ်သည်။

မိမိအား နားလည်မူရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှရတတ်သည်။
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #၇ဂဏန်းသမား #အချစ်ရေး #အိမ်ထောင်ရေး #ဂဏန်းဗေဒင် #ဆောင်ရန် #ရှောင်ရန် #ဗေဒင်