🙏ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော🙏 နှစ်သစ်တစ်နှစ်ရဲ့ တစ်နှစ်တာကာလပတ်လုံး ဘုန်းကံမြင့်မား စီးပွားတက်စေရန် ဆောင်ရွက်နည်း

🙏ကျေးဇူးတော်ရှင်သစ်တံခါးဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော🙏 နှစ်သစ်တစ်နှစ်ရဲ့ တစ်နှစ်တာကာလပတ်လုံး ဘုန်းကံမြင့်မား စီးပွားတက်စေရန် ဆောင်ရွက်နည်း

Sunday, April 13, 2025

ဂမ္ဘီရ

နှစ်ဆန်းတရက်နေ့တွင်ပြုလုပ်ရန်ဖြစ်ပါသည်။

1. တရော်ကင်မွန်းဖြင့် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပါ။

2. မေတ္တာရေချိုးပါ
( ပြုလုပ်နည်း- နွားနို့ထဲကို နှင်းဆီပန်း ဝါ ၊နီ၊ ဖြူ ကို ခြွေထည့်၍ ရတနာပစ္စည်းများကို စိမ်ထည့် ၍ မေတ္တာရေချိုးပါ)

3. သမုဒ္ဒရာ ရေချိုးပါ
( ပြုလုပ်နည်း- ဆားကိုရေဖြင့်ဖျော်ပြီးရေချိုးရန်)

4.နတ်ရေကန်ထဲသို့ဆင်းပါ
   ( ပြုလုပ်နည်း - အုန်းရည်ဖြင့်ရေချိုးရန်)

ဤကဲသို့ ဆောင်ရွက်ပြီးပြီးပါက......
အရဟံ သိဒ္ဓိ ဘဂဝါအောင် ပုတီး (၁၀) ပတ်၊ လာဘ်ခေါ် ဂါထာ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပြီး ..

- တစ်နှစ်တာကာလပတ်လုံး စီးပွားရေးတိုးတက်ပါစေ။

- ကျန်းမာရေး ကောင်းမွန်ပါစေ။

- လာဘ်လာဘပွင့်ပါစေ။

- ဘေးရန်အန္တရာယ်ကင်းရှင်းပါစေ .... ဟု ဆုတောင်းပါ။

* နှစ်သစ်ကူး(၁)ရက်နေ့ ည ၁၂ နာရီမတိုင်မှီအထိ ဆောင်ရွက်လို့ရပါသည်။

နှစ်ဆန်းတစ်ရက်နေ့ အခါသမယအချိန်ကာလတွင် ကျန်းမာချမ်းသာ ဝင်ငွေဖြာပြီး စည်းစိမ်လည်းတိုး ဘုန်းကံမြင့်ကာ အောင်ကြောင်းဖြာမှာ အမှန်ပါတည်း. .....

ပဠာန်းဆက်ပါရမီရှင်များလဲ ကောင်းကျိုးချမ်းသာ မှန်သမျှပြည့်ဝကြပါစေ ….
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ဧပြီလ #သစ်တံခါးဆရာတော် #ဂါထာ #နှစ်ဆန်း၁ရက်နေ့ #ယတြာ #ဗေဒင်