အိမ်ဂေဟာ သန့်ရှင်းစေရန်
=================
- ဖန်ခွက်တခွက်တွင် ရေမပြည့်တပြည့်ထည့်ပါ။
- ဆားအနည်းငယ်(ကော်ဖီဇွန်း tea spoon တဇွန်းခန့်)ထည့်ပါ။
- ရှာလကာရည်(vinegar)ဟင်း သောက်ဇွန်းတဇွန်း (Table spoon)ခန့်ထည့်ပါ။
၎င်းကို ညနေဝင်ရီတရောအချိန်တွင် မိမိအိမ်ဂေဟာ၏ "သက်စောင့်ဓာတ်ဗဟိုချက်" နေရာ၌ ထားပါ ။ {ယင်းနေရာကို ဖုန်းရွှေဆရာများ တွက်ချက်တိုင်းထွာ၍ သိနိုင်ပါသည်။ ဖုန်းရွှေပညာ နားမလည်သူတို့အတွက် ယေဘုယျအားဖြင့် အိမ်တခုလုံး၏ အလယ် သို့မဟုတ် အကျယ်ဆုံးခန်းမ၏ အလယ်၌ ထားပါ။}
မိုးမလင်းမီကာလအတွင်း အိမ်သားများ ၊ ခွေးကြောင်စသည့်တိရစ္ဆာန်များ ထိမိတိုက်မိခြင်း ၊ အမှိုက်သရိုက်များကျရောက်ခြင်း မရှိစေရန်သတိပြုပါ။ နံနက်မိုးသောက်လျှင် စစ်ဆေးကြည့်ပါ။
- ရေများလျှံတက် ၊ တိုးပွားလာခြင်း
- ရေလျော့သွားခြင်း
- တစုံတရာကျရောက်နေခြင်း
- ရေမြုပ်ထခြင်း စသည်မရှိ ၊ ပကတိအတိုင်းဖြစ်နေပါက အိမ်ဂေဟာသန့်ရှင်းစင်ကျယ်၍ အနှောင့်အယှက် အတိုက်အခိုက် တစုံတရာမရှိပါ။ တခုခုပြောင်းလဲနေပါက အဖျက်အနှောင့်ရှိနေခြင်းကို ဖော်ပြ၏။ စိုးရိမ်စရာမရှိပါ။ နောက်တညတွင် ယခင်အတိုင်း ထပ်မံလုပ်ဆောင်ပါ။ လုံးဝတည်ငြိမ်သွားသည်အထိ လုပ်ဆောင်ပေးရုံသာဖြစ်သည်။
(မှတ်သားမိသော ပညာရပ်များ)