အိမ်တချို့ရဲ့ အဝင်အဝမှာ ကြည့်မှန်တွေ ဘာလို့ထားကြသလဲ ?
*******************************
အိမ်တချို့ရဲ့ အဝင်ပေါက်မှာဖြစ်ဖြစ်၊ ပြတင်းပေါက်၊ တံခါးတွေနားမှဖြစ်ဖြစ် ကြည့်မှန်တစ်ချပ်ကို ချိတ်ဆွဲထားတာကို တွေ့ဖူးကြမှာပါ။
ဘာလို့ချိတ်ဆွဲထားသလဲ ဆိုတာကတော့ နေထိုင်တဲ့အိမ်က အရမ်းကျဉ်းပြီး ခေါင်းရင်းအိမ် ဒါမှမဟုတ် ခြေရင်းအိမ်က အရမ်းမြင့်နေတယ်ဆိုရင် ဆန်းဗေဒင်ပညာအရ ထိုအိမ်က အညံ့၊အခိုက်တွေ ရှိတတ်ပါတယ်။
မိမိရဲ့သားသမီး၊ လက်အောက်ငယ်သားတွေ ကျန်းမာရေး၊ စီးပွားရေး ညံ့ဖျင်းတတ်ပါတယ်။ မျက်နှာချင်းဆိုင်အိမ်က အရမ်းမြင့်ပြီး ခေါင်းမိုးအချွန်က ကိုယ်နေတဲ့အိမ်နဲ့ တည့်တည့်ကျရင်လည်း အိမ်မှာကံညံ့တတ်ပါတယ်။ မြန်မာတို့ရဲ့ ဆန်းဗေဒင်ကျမ်းတွေမှာရော တရုတ်ပြည်ရဲ့ ဖုန်းရွှေပညာမှာပါ အခိုင်အမာဖော်ပြထားပါတယ်။
သည်လိုဖြစ်နေတဲ့ အိမ်အများစုဟာ နေအိမ်ရဲ့မျက်နှာချင်းဆိုင် ဒါမှမဟုတ် ခြေရင်း၊ ခေါင်းရင်းမှာ စက်ရုံ၊ အလုပ်ရုံ ၊ နေအိမ်ထက်ပိုမြင့်တဲ့ တိုက်၊ နေအိမ်တစ်ခုခုရှိနေပါက သင့်အိမ်ရဲ့ပြတင်းပေါက်မှာ အလင်းကောင်းမွန် စွာပြန်နိုင်တဲ့ မှန်တစ်ချပ်ကို တပ်ထားလိုက်မယ်ဆိုရင် အိမ်မှာအဆိုးအညံ့တွေပြယ်ပြီး လုပ်ကိုင်သမျှ အကြံအစည်တွေ အောင်မြင်စေပါတယ်။
ထိုသို့ ချိတ်ဆွဲထားခြင်းဖြင့် ဝင်ငွေနှစ်စ်ဆတိုးတက်ပြီး အရောင်းအဝယ်ကောင်းမွန်စေတာကြောင့် ယုံကြည်သူအများအပြားက အိမ်ရဲ့အဝင်ပေါက်မှာ ချိတ်ဆွဲထားရတာ ဖြစ်ပါတယ်။
Credit: