Lucky bamboo ပင်လေးတွေရဲ့ ထူးခြားချက်
======================
Lucky Bamboo လို့ခေါ်တဲ့ ဝါးပင်ပျိုလေးတွေဟာဆိုရင် တရုတ်လူမျိုးတွေရဲ့ မင်္ဂလာယူရမယ့် အရေးကိစ္စတော်တော်များများမှာ တွေ့ရတဲ့ အပင်လေးတွေပဲဖြစ်ပါတယ်။
ဖုန်းရွှေနည်းပညာအရ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဖြစ်တဲ့ ရေ ၊ သစ်သား ၊ မြေကြီးစတဲ့ ဓာတ်သဘာဝတွေကို တစ်ပြိုင်နက်တည်းတွေ့နိုင်မယ့် ကံကောင်းခြင်းနိမိတ်အပင်အဖြစ် သတ်မှတ်ကြပါတယ်။
- ၁ ပင်တည်းနဲ့ နွယ်တက်နေတဲ့ဝါးပင်မျိုးဆိုရင် ချမ်းသာကြွယ်ဝခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်။
- ၂ ပင်ဆိုရင် ကံကောင်းခြင်းတွေကို နှစ်ဆတိုးပါစေ ၊ အိမ်ထောင်သည်ဖြစ်ရင် အချစ်တွေခိုင်မြဲနိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်။
- ၃ ပင် ပေးမယ်ဆိုရင် ကြွယ်ဝချမ်းသာခြင်း ၊ ကျန်းမာခြင်း ၊ အသက်ရှည်ခြင်း စတဲ့မင်္ဂလာသုံးပါးကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်။
- ၅ ပင်ဆိုရင် စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်ခြင်း ၊ လာဘ်လာဘပေါများခြင်း ၊ ချမ်းသာခြင်း စတဲ့ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်။
- ၇ ပင်ကတော့ ကောင်းမွန်တဲ့ကျန်းမာရေးကို ရရှိပါစေဆိုတဲ့ အဓိပ္ပာယ်။
- ၈ ပင် ပေးမယ်ဆိုရင်တော့ သားသမီးရတနာ အမြန်ဆုံးထွန်းကားပါစေဆိုတဲ့ အဓိပ္ပာယ်။
- ၂၁ ပင် ပေးမယ်ဆိုရင်တော့ ဒါက မိသားစုကို ကောင်းကျိုးတွေရရှိနိုင်ပါစေဆိုတဲ့ အဓိပ္ပာယ်တွေကို ဖော်ဆောင်နေပါတယ်။
ဒါကြောင့် အိမ်တွင်း စီးပွားတက်ဖို့၊ ကာယသုခ၊ စိတ္တသုခ စတဲ့ သုခနှစ်ဖြာနဲ့ပြည့်စုံဖို့ အတွက် ဝါးပင်ပျိုလို့ ခေါ်တဲ့ Lucky Bamboo လေးတွေကို အိမ်ရဲ့ အမြင့်တစ်နေရာမှာ ဆောင်ထားသင့်ပါတယ်။
(မှတ်သားမိသော ပညာရပ်များ)