ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သောအရာများ
--------------------------------------
တရုတ်ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်မှာ တင်မထားသင့်တဲ့ ပစ္စည်းတွေ အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။
ရေခဲသေတ္တာပေါ်မှာ လျှပ်စစ်ပစ္စည်းများတင်မထားသင့်ပါဘူး။ လျှပ်စစ်ပစ္စည်းတွေရဲ့ သံလိုက်စီးကြောင်း နှစ်ခုပေါင်းစုံ လိုက်ခြင်းဟာ အိမ်သားတွေအတွက် ကျန်းမာရေးကို အညံ့ဘက်သို့ရောက်စေပါတယ်။
ရေခဲသေတ္တာပေါ်မှာ ပစ္စည်းများစုပုံတင်ထားခြင်းကိုလဲ ရှောင်ရှားသင့်ပါတယ်။ ရေခဲသေတ္တာက ဖုန်းရွှေပညာအရ ငွေကိုကိုယ်စားပြုပါတယ်။ ရေခဲသေတ္တာပေါ် ပစ္စည်းတွေစုပုံတင်ထားခြင်းဟာ ကိုယ့်ဘဏ္ဍာတိုက်ကို ပိတ်ဆို့ထားသလို ဖြစ်တဲ့အပြင် သူတစ်ပါးမကောင်းကြံတာကိုပါကြုံတွေ့ရနိုင်ပါတယ်။ ရေခဲသေတ္တာဘေးမှာ မီးဖိုထားတာကလဲ အိမ်တွင်းရှိမိသားစုများ၏ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်မှာ အဆိုပါပစ္စည်းတွေကို မထားဖို့ တင်ဆက်ပေးလိုက်ရပါတယ်။။