Image
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့ နေ့လည် ၁း၂၇နာရီမှ (၂၈)ရက်နေ့ ညနေ ၄း၂၆ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

**************************
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၇)ရက်နေ့ နေ့လည် ၁း၂၇နာရီမှ (၂၈)ရက်နေ့ ညနေ ၄း၂၆ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်၌ ဖွားသောသူသည် နွား၊ ကျွဲ၊ သတ္တဝါ ဥစ္စာဓနပေါကြွယ်ဝခြင်း၊ လေးနက်ခြင်း၊ မိန်းမချစ်ခြင်း၊ ချမ်းသာခြင်း၊ ပညာရှိအပူဇော်ခံရခြင်းရှိမည်။ လှူဒါန်းပေးကမ်းလိမ့်မည်။ ထင်ရှားကျော်ဇောမည်။ လှပချောမောသည်။ အမြဲမပြတ် ခရီးသွားလာနေတတ်သည်။ လမ်းလျှောက်နေမည်။ ပညာတတ်ဖြစ်မည်။ တိရစ္ဆာန်မွေးတတ်ခြင်း၊ နက်နဲသော အသိဉာဏ်ရှိခြင်း၊ လှပချောမွေ့သော အပျိုမိန်းကလေးများ၏ ချစ်ကြိုက်မှုကို ခံရခြင်း ၊ သုခချမ်းသာရှိခြင်း၊ လူအများ၏ လေးစားမှုကိုခံရခြင်းနှင့် ပဏ္ဍိတပညာရှှိ ပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.