Image
အခြံအရံ အသိုင်းအဝိုင်းတွေ ရရှိစေနိုင်တဲ့ဂါထာ

******************
ကိုယ်က လုပ်ငန်းလုပ်တဲ့အခါမှာ မိမိကို သိုင်းဝိုင်းတဲ့သူတွေ ၊ မိမိရဲ့ ပရိသတ်တွေ ၊ မိမိရဲ့ ဖောက်သည်တွေ များလေ ကောင်းလေပါပဲ။ မိမိတို့ ပိုပြီးတော့ အောင်မြင်ချင်တယ်ဆိုရင်တော့ အခြံအရံများစေတဲ့ ဂါထာလေးကို အမြဲတမ်းရွတ်ရမှာဖြစ်ပါတယ်။

ဒီဂါထာကလည်းဘဲ ရတနာသုံးပါးရဲ့ဂုဏ်ကို အာရုံပြုပြီးတော့မှ ရွတ်တာ ၊ ရတနာသုံးပါးကို အလေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကုသိုလ်ရပြီးတော့ မိမိတို့ရဲ့ ကောင်းတဲ့အခြေအနေကို ရရှိမှာဖြစ်ပါတယ်။

အခြံအရံပေါဂါထာ
***************
“ယသ ဘောဂါစ ပညာ စ ၊ ယသန္တိ သဗ္ဗဗုဒ္ဓါနံ။
ယဇိတွာ ဓမ္မ သံဃဉ္စ ၊ ယသန္တိ အမတံ ပဒံ။
ယသ ဝါဒေ သံယုဝတ္တော ၊ ယသ ဂန္ဓဗ္ဗသာမိတော။
ယသ ဇေန ဇာလိတော ၊ ယံ သိဒ္ဓိတံ နမာမဟံ။”


ဒီဂါထာလေးကို အမြဲတမ်းရွတ်နေမယ်ဆိုရင် စီးပွားရေးကိစ္စပဲလုပ်လုပ် ၊ လူမှုရေးကိစ္စတွေပဲလုပ်လုပ် လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ မိမိကိုယ်ကူညီမယ့်သူတွေ အသိုင်းအဝိုင်းတွေ အခြံအရံတွေများပြီးတော့ ပိုပြီးတော့ အောင်မြင်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေ။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.


#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #အခြံအရံ #ရတနာသုံးပါး #ဂါထာ #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်