Image
၇ ရက်သားသမီး တစ်ပတ်စာဟောစာတမ်း (၁၇.၁၀.၂၀၂၄ မှ ၂၃.၁၀.၂၀၂၄ အထိ)

=====================
တနင်္ဂနွေသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း
---------------------------------

တနင်္ဂနွေသားသမီးများသည် ဒီကာလတွင် အရောင်းအဝယ်များ ကျဆင်းရတတ်သည်။ လုပ်ငန်းများ ရှေ့မတိုးနိုင်ဘဲ ဖြစ်နေတတ်သည်။ အကျိုးမရှိသောခရီးတိုများ ဆက်တိုက်ထွက်ခွာနေရတတ်သည်။ ခြေထောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိရတတ်သည်။ ခန္ဓာကိုယ်တစ်ခြမ်း အောင့်အောင့်နေတတ်သည်။ နားအူခြင်းစသော နားနှင့်ပတ်သက်သောရောဂါများ ခံစားရတတ်သည်။ ခုတစ်မျိုး တော်ကြာတစ်မျိုး စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ယောင်ချာချာဖြစ်နေတတ်သည်။ လုပ်သမျှကြံသမျှမှာလည်း အလွဲလွဲအချော်ချော် အမှားမှားအယွင်းယွင်းဖြစ်ရတတ်သည်။ အပိုင်တွက်ဆထားသောလုပ်ငန်းကိစ္စများမှာလည်း လွဲချော်ပျက်ယွင်းသွားတတ်သည်။ မည်သူ့ကိုမှ တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ မိမိ၏တဇွတ်ထိုးလုပ်ဆောင်မှုများကြောင့် မလိုလားအပ်သော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ အိမ်ကိစ္စပြဿနာများ ပေါ်ပေါက်လာတတ်သည်။ သားသမီးရှိသူများ သားသမီးတစ်ဦးဦးကြောင့် စိတ်ညစ်စိတ်သောက ရောက်ရတတ်သည်။ မိမိအပေါ် မကောင်းကြံမည့်သူများ အနီးအနားတွင်ရှိနေတတ်သောကြောင့် သတိထားပါ။ လောင်းကစားလုပ်သူများ အရှုံးများတတ်သောကြောင့် ဒီကာလတွင် ရပ်ထားနိုင်မှ တော်ကာကျလိမ့်မည်။ စွပ်စွဲနာမည်ဖျက်ခြင်း၊ အကြောင်းမဲ့ ရန်လုပ်ပုတ်ခတ်ခြင်းများလည်း ကြုံတွေ့ရတတ်သည်။ ငွေကြေးများဝင်သော်လည်း ဝင်ငွေနှင့်ထွက်ငွေမှာ အမျှမတဖြစ်နေတတ်သည်။ ခွေး၊ ကြောင်စသော တနင်္လာနံတိရိစ္ဆာန်များကြောင့် အန္တရာယ်တစ်စုံတရာ တွေ့ရတတ်သည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားတတ်၏။ ထို့ကြောင့် တနင်္ဂနွေသားသမီးများသည် မည်သည့်အခက်အခဲနှင့်ကြုံကြုံ စိတ်ရှည်ရှည်ထားပြီး ရင်ဆိုင်ဖြေရှင်းပါက အခက်အခဲပြဿနာများမှ လွတ်မြောက်ပါလိမ့်မည်။

လူမှုရေး
* လူမှုရေးတွင် မိမိဘယ်လောက်ပင် ကောင်းအောင်လုပ်လုပ် ပတ်ဝန်းကျင်၏ အထင်အမြင်သေးခြင်းကို ခံရတတ်သည်။

အချစ်ရေး
* အချစ်ရေးတွင် ချစ်သူ၏ စွန့်ခွာခြင်းကိုခံရ၍ ရူးမတတ်ခံစားရတတ်သည်။

အိပ်မက် နိမိတ်
* လွတ်လပ်ပျော်ရွှင်စွာ ကခုန်ရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
* ၈၂ ၊ ၅၁ ၊ ၄၇ ၊ ၉၁

ယတြာ
* ငှက်လွှတ်ခြင်း၊ ငါးလွှတ်ခြင်းများ ပြုလုပ်ပေးပါ။
.
တနင်္လာသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း
--------------------------------

တနင်္လာသားသမီးများသည် ဒီကာလတွင် အိမ်ခြံမြေလုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိရတတ်သည်။ စက်ပစ္စည်းတစ်ခုခု လက်ဆောင်အဖြစ် ရရှိရတတ်သည်။ ပညာဖြင့် အသက်မွေးသူများ ကန်တော့ခံရခြင်းတို့ တွေ့ကြုံရတတ်သည်။ ပညာရပ်ကောင်းများကို သင်ယူသင်ကြားရတတ်သည်။ ပြည်ပခရီးများ သွားရတတ်သည်။ ရေကြောင်းခရီးများဖြစ်လိမ့်မည်။ မိမိအိမ်၌ နားလေးသူ၊ နားမကောင်းသူရှိတတ်၏။ သူတစ်ပါး၏ အချစ်ရေးကိစ္စများတွင် ကြားဝင်ဆောင်ရွက်ပေးရတတ်သည်။ ရပ်ဝေးမှ သတင်းကောင်း၊ ဧည့်သည်ကောင်းများ ရောက်ရှိလာရတတ်သည်။ မိမိအတွက် အကျိုးရှိမည့်သူများဖြစ်လိမ့်မည်။ ငွေကြေးလာဘ်လာဘများ ဝင်သော်လည်း မိမိချစ်သူခင်သူများကို ပေးကမ်းထောက်ပံ့နေရတတ်သည်။ ဘုရားဖူးခရီး၊ ဘာသာရေးနှင့်သက်ဆိုင်သောခရီးများ သွားရတတ်သည်။ ရပ်ဝေးရှိဆွေမျိုးများထံသို့ အလည်အပတ်ခရီးများလည်း သွားရောက်ရတတ်သည်။ မိမိ၏ ဆရာသမား၊ ကြီးကဲသူတို့ထံမှ အကူအညီ၊ အဆက်အသွယ်ကောင်းများ ရရှိလိမ့်မည်။ ပညာရေးကိစ္စများ အဆင်ပြေချောမွေ့လိမ့်မည်။ စာမေးပွဲများရှိပါက မိမိကျက်ထားမှတ်ထားသမျှပါဝင်ကာ ထူးချွန်စွာဖြေဆိုနိုင်လိမ့်မည်။ ပြည်ပအလုပ်အကိုင်နှင့်ပတ်သက်ပြီး သင်တန်းကောင်းများကို တက်ရောက်ရတတ်သည်။  မိမိနှင့်မဆိုင်သော သူတစ်ပါးကိစ္စများကို လိုက်လံဆောင်ရွက်ပေးရာမှ မိမိ၌အမှုကိစ္စများ ပေါ်ပေါက်ရတတ်သည်။ ထိုအမှုကိစ္စများကြောင့် သူတစ်ပါး၏ စွပ်စွဲတိုက်ခိုက်ခြင်းများကိုလည်းခံရတတ်သည်။ လုပ်ငန်းများမှာလည်း ရန်အတိုက်အခံများပေါ်ပေါက်ရတတ်သည်။ ခြေလက်ခိုက်မိ၍ သွေးထွက်သံယိုဖြစ်ပွားတတ်သည်။ သတိထားပါ။

လူမှုရေး
* လူမှုရေးတွင် အခြားသူများ မစွမ်းဆောင်နိုင်သည်ကို မိမိကစွမ်းဆောင်နိုင်၍ ချီးမွမ်းထောပနာပြုခြင်းကို ခံရတတ်သည်။

အချစ်ရေး
* အချစ်ရေးတွင် ချစ်သူကမိမိအပေါ် ယုံကြည်စိတ်ချစွာ ချစ်ခင်နှစ်သက်ခြင်းကို ခံရတတ်သည်။

အိပ်မက် နိမိတ်
* ရသေ့၊ သူတော်စင်များကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
* ၆၃ ၊ ၉၀ ၊ ၁၇ ၊ ၄၄

ယတြာ
* လမ်းဘေးခွေးများကို သူတို့ကြိုက်နှစ်သက်သော အစာအဟာရများ တတ်နိုင်သလောက် ကျွေးပေးပါ။
.
အင်္ဂါသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း
---------------------------

အင်္ဂါသားသမီးများသည် ဒီကာလတွင် အထက်အရာရှိ အကြီးအကဲတို့၏ ချီးကျူးဂုဏ်ပြုခြင်းကို ခံရတတ်သည်။ နိုင်ငံရပ်ခြားနှင့်သက်ဆိုင်သောကိစ္စများ ပေါ်ပေါက်လိမ့်မည်။ ရပ်ဝေးခရီးများ သွားရတတ်သည်။ သိုလှောင်ပစ္စည်းများမှ အကျိုးအမြတ်ရရှိလိမ့်မည်။ မိမိကိုးကွယ်သော နတ်ကောင်းနတ်မြတ်များ၏ ကူညီမ,စခြင်းကို ခံရတတ်သည်။ ရပ်ဝေးမှ အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်းများနှင့် ချိတ်ဆက်မိလိမ့်မည်။ စီးပွားရေးလုပ်ငန်းများ ရုတ်တရက် အောင်မြင်ဖြစ်ထွန်းလိမ့်မည်။ အလုပ်နှစ်မျိုးမှ အကျိုးအမြတ်များ နှစ်ကြိမ်နှစ်ခါ ရရှိရတတ်သည်။ မိမိလိုအင်ဆန္ဒများ ပြည့်ဝရတတ်သောကာလဖြစ်သည်။ စိတ်ချမ်းသာစရာများ တစ်ခုပြီးတစ်ခု ရရှိလိမ့်မည်။ ကြံစည်ထားသော အကြံအစည်များလည်း ဒီကာလတွင်ဖြစ်ပေါ်လိမ့်မည်။ ချဲထီပေါက်ခြင်း၊ ငွေကြေးလာဘ်လာဘ ရွှင်လန်းခြင်းများ ကြုံတွေ့ရတတ်သည်။ အလုပ်အကိုင်များလည်း ရာထူးတိုး လစာတိုး ဖြစ်ပေါ်ရတတ်သည်။ မိမိကို အမေကဲ့သို့ မိန်းမကြီးတစ်ယောက်၏ ကူညီစောင့်ရှောက်မှုကို ဒီကာလတွင် ခံစားရတတ်သည်။ ရပ်ဝေးမှ ဝမ်းသာစရာစာများ၊ သတင်းများ ရောက်ရှိလာလိမ့်မည်။ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လိမ့်မည်။ ထိတ်လန့်ခြောက်ခြားဖွယ်အိပ်မက်ဆိုးများ မြင်မက်ရတတ်သည်။ တစ်စုံတစ်ယောက်၏ နှောင့်ယှက်တိုက်ခိုက်ခြင်းကို ခံရတတ်သည်။ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲဖြစ်နေတတ်သည်။ လက်အောက်ငယ်သားများ၏ မချေမငံဆက်ဆံခြင်းကို ခံရတတ်သည်။ လေထိုးလေအောင့်ရောဂါများ ခံစားရတတ်သည်။ သတိထားပါ။

လူမှုရေး
* လူမှုရေးတွင် အထူးသဖြင့် အမျိုးသမီးများကြားတွင် မျက်နှာပန်းပွင့်တတ်သည်။

အချစ်ရေး
* အချစ်ရေးတွင် ချစ်သူ၏ အလိုလိုက်ဂရုစိုက်ခြင်းကို ခံရတတ်သည်။

အိပ်မက် နိမိတ်
* မီးလျှံများကြားတွင် အေးချမ်းစွာဖြတ်သန်းရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
* ၂၅ ၊ ၄၂ ၊ ၃၇ ၊ ၈၀

ယတြာ
* အမေ သို့မဟုတ် အမေအရွယ် သက်ကြီးရွယ်အိုတစ်ယောက်ယောက်ကို ငွေ ၂ ထောင်ကျပ် လှူဒါန်းလိုက်ပါ။
.
ဗုဒ္ဓဟူး/ရာဟုသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း
-------------------------------

ဗုဒ္ဓဟူးနှင့်ရာဟုသားသမီးများသည် ဒီကာလတွင် သူတစ်ပါးအတွက် ထောက်ပံ့ရသောကြောင့် ငွေကြေးများ ထွက်ရတတ်သည်။ ဆွေမျိုးမိတ်ဆွေတစ်ဦး ကျန်းမာရေးညံ့သောသတင်းကို ကြားသိရတတ်သည်။ မိမိကိုယ်တိုင်လည်း ကျန်းမာရေး အနည်းငယ်ညံ့ရတတ်သည်။ ခန္ဓာကိုယ်တစ်ခြမ်းမှာ ထိခိုက်ဒဏ်ရာရရှိပြီး နာကျင်နေတတ်သည်။ အလုပ်ထဲတွင် လုပ်ဖော်ကိုင်ဖက်များနှင့်ခိုက်ရန်ဖြစ်ပွားခြင်း၊ စကားများရခြင်းများ ကြုံတွေ့ရတတ်သည်။ မိမိကို အတိုက်အခံပြုသူ၊ အပြိုင်အဆိုင်ပြုသူများ ပေါ်ပေါက်ရတတ်သည်။ အောက်လက်ငယ်သားတို့၏ အံတုဖက်ပြိုင်ခြင်းကို ခံရတတ်သည်။ ၎င်းတို့ကြောင့် ဖြစ်ပွားသောပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးရတတ်သည်။ ယာဉ်အန္တရာယ်ဖြစ်ပွားခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်းများ ကြုံတွေ့ရတတ်သည်။ ခရီးသွားသူများ လမ်းခရီး၌ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်တတ်သည်။  စပ်တူရှယ်ယာလုပ်ဖို့ ကမ်းလှမ်းခြင်းကို ခံရတတ်သည်။ စိတ်ချမ်းသာစရာများ ဆက်တိုက်ကြုံတွေ့လိမ့်မည်။ ငွေကြေးလာဘ်လာဘလည်း အလွန် ရွှင်လန်းလိမ့်မည်။ အိုးသစ်အိမ်သစ်၊ အလုပ်အကိုင်သစ်များ ရရှိရတတ်၏။ စာချုပ်စာတမ်းလက်မှတ်ရေးထိုးခြင်းကိစ္စများ ဖြစ်ပေါ်လိမ့်မည်။ သတင်းကောင်းများ ကြားသိရတတ်သည်။ အကြီးအကဲတစ်ယောက်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ခံရတတ်သည်။ ပညာရေးတွင် ဖြေဆိုထားသော စာမေးပွဲများ ထူးချွန်အောင်မြင်ပြီး ပညာသင်ဆုများပါ ရရှိရတတ်သည်။ အဖိုးတန်ပစ္စည်းများ ဝင်ရောက်တတ်သည်။ အလုပ်တစ်ခုမှတစ်ခုသို့ အပြောင်းအလဲများဖြစ်ပေါ်တတ်သည်။ အလုပ်ပြောင်းချင်သူများလည်း ဒီရက်ပိုင်းအတွင်းပြောင်းပါက လက်ရှိအလုပ်ထက် ပိုမိုကောင်းမွန်သောအလုပ်များကို ရရှိရတတ်သည်။ အလုပ်ထဲ၌လည်း နာမည်ကောင်းများ ရရှိရတတ်သည်။ မိမိအတွက်အကျိုးရှိသော ခရီးကောင်းတစ်ခုကို ထွက်ရတတ်သည်။

လူမှုရေး
* လူမှုရေးတွင် ပရဟိတလုပ်ငန်း၊ လူအများအကျိုးပြုလုပ်ငန်းလုပ်ကိုင်ရသော်လည်း အပြိုင်အဆိုင်၊ အနှောင့်အယှက်များရှိနေတတ်သည်။

အချစ်ရေး
* အချစ်ရေးတွင် လူအများနှင့်ပတ်သက်သောလုပ်ငန်းများကိုလုပ်ကိုင်ရ၍ ချစ်သူအပေါ်ဂရုမစိုက်နိုင်ဖြစ်ပြီး ချစ်သူ၏ စိတ်ဆိုးစိတ်ကောက်ခြင်းကို ခံရတတ်သည်။

အိပ်မက်နိမိတ်
* ရဟန်းသံဃာများကို ဆွမ်းလောင်းလှူရသည်ဟု အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
*၇၄ ၊ ၂၉ ၊ ၃၇ ၊ ၉၂

ယတြာ
* အဖေ သို့မဟုတ် အကိုတစ်ယောက်ယောက်ကို အဝတ်အစားတစ်ခုခု ဝယ်ပေးလိုက်ပါ။
.
ကြာသပတေးသားသမီးများအတွက် တစ်ပတ်စာဟောစာတ

--------------------
ကြာပသတေးသားသမီးများသည် ဒီကာလတွင် တစ်ယောက်ယောက်၏ အကူအညီကောင်းကို ရရှိလိမ့်မည်။ မိမိဘဝအတွက် တိုးတက်စေသော ပညာရပ်ကောင်းတစ်ခုကို ရရှိလိမ့်မည်။ ရာထူးရာခံရှိသော အမျိုးသမီးတို့၏ ကူညီမ,စမှုကို ရရှိလိမ့်မည်။ ကြီးကဲသူတို့ထံမှ လက်ဆောင်ပစ္စည်းများ၊ မုန့်ဖိုးများ၊ ဘောနပ်များ ရရှိရတတ်သည်။ ဝန်ထမ်းများဖြစ်ပါက နေရာဌာနကောင်းများသို့ ပြောင်းရွှေ့ရခြင်း၊ ရာထူးလစာများတိုးခြင်းတို့ ခံစားရတတ်သည်။ သြဇာအာဏာဖြစ်ထွန်းပြီး မိမိပြောသမျှဆိုသမျှ အောင်မြင်ရတတ်သောကာလဖြစ်သည်။ မျက်စိနှင့်ပတ်သက်ပြီး ဘေးဥပါဒ်ဖြစ်တတ်သည်။ သတိထားပါ။ အိုးသစ်အိမ်သစ် ပြုပြင်ဆောက်လုပ်ရခြင်းများ ဖြစ်ပေါ်တတ်သည်။ ရေလမ်းခရီးမှ ဧည့်သည်ကောင်းများ ရောက်ရှိလာရတတ်သည်။ နှောင့်နှေးကြန့်ကြာနေသော အခွင့်အလမ်းများ ပွင့်လင်းသွားလိမ့်မည်။ ကောင်းသောအပြောင်းအလဲများ ဖြစ်ပေါ်လိမ့်မည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ်စသော ယာဉ်တစ်မျိုးမျိုး ဝင်ရောက်လာတတ်သည်။ စာချုပ်စာတမ်းကိစ္စ၊ စာရင်းဇယားကိစ္စများ အဆင်ပြေချောမွေ့လိမ့်မည်။ ဘာသာရေးနှင့်သက်ဆိုင်သောအလုပ်များ ဖိဖိစီးစီးလုပ်ကိုင်ရတတ်သည်။ ငွေအစုလိုက်အပြုံလိုက် ဝင်ခြင်း၊ ထီချဲပေါက်ခြင်းများ ကြုံတွေ့ရတတ်သည်။ သိုက်ဆက်၊ ပဌာန်းဆက်ရှိသူများ ဘဝဟောင်းကပုဂ္ဂိုလ်များ၏ ကူညီမ,စမှုကိုရရှိရတတ်သည်။ သင်တန်းရေးရာကိစ္စ၊ စာမေးပွဲကိစ္စ၊ အလုပ်အင်တာဗျူးကိစ္စများ အဆင်ပြေလိမ့်မည်။ ပြည်ပခရီး၊ ရပ်ဝေးခရီးများ သွားရောက်ရတတ်သည်။ ကံကြမ္မာ၏ အခွင့်အရေးပေးခြင်းကို ခံရတတ်သောကာလဖြစ်သည်။ မိမိကြိုးစားရင်ကြိုးစားသလောက် အခွင့်အလမ်းကောင်းများ ရလာလိမ့်မည်။ နာမည်ဂုဏ်သတင်းကျော်စောခြင်း၊ ဘွဲ့တံဆိပ်အပ်နှင်းခံရခြင်းတို့ ကြုံရတတ်ပါသည်။

လူမှုရေး
* လူမှုရေးတွင် လူချစ်လူခင်များပြားပြီး လူအများကြား၌ ထင်ရှားကျော်ကြားနေတတ်သည်။

အချစ်ရေး
* အချစ်ရေးတွင် ချစ်သူအပြောင်းအလဲများ ဖြစ်တတ်သည်။ အရင်တွဲနေတဲ့ချစ်သူထက် ပိုမိုကောင်းမွန်သောချစ်သူအသစ်တစ်ယောက် ရရှိရတတ်သည်။

အိပ်မက်နိမိတ်
* ဓူဝံကြယ်ကြီး တောက်ပနေသည်ကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
* ၂၇ ၊ ၇၀ ၊ ၂၂ ၊ ၅၂

ယတြာ
* ကိုယ်ဝန်ဆောင်မိခင်သည် သို့မဟုတ် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများကို မိမိတတ်နိုင်သလောက် ငွေကြေးထောက်ပံ့လှူဒါန်းလိုက်ပါ။
.
သောကြာသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း
--------------------------------

သောကြာသားသမီးများသည် ဒီကာလတွင် နာမည်ဂုဏ်သတင်းကျော်ကြားခြင်း၊ သြဇာအာဏာတိုးတက်ခြင်းများ ဖြစ်ပေါ်လိမ့်မည်။ ရပ်ဝေးသို့ ရောက်ရှိနေသော သားသမီးတို့နှင့်ပတ်သက်ပြီး သတင်းကောင်းများ ကြားသိရတတ်သည်။ ရာထူးတိုးခြင်း၊ လာဘ်ရွှင်ခြင်းများ ဖြစ်လိမ့်မည်။ ပျော်ရွှင်ဖွယ်ခရီး၊ အကျိုးထူးသောခရီးများ သွားရတတ်သည်။ စပ်တူစပ်ဖက်လုပ်ငန်းများ အောင်မြင်မှုများရရှိတတ်သည်။ အိမ်ထောင်ရေးတွင် သာယာပျော်ရွှင်သော အိမ်ထောင်ရေးမျိုး ဖြစ်လိမ့်မည်။ ကား၊ စက်ဘီး၊ ဆိုင်ကယ်စသော ယာဉ်တစ်မျိုးမျိုး ဝင်ရောက်လာတတ်သည်။ ရပ်ဝေးမှ မိမိကိုကောင်းကျိုးပေးမည့် ဧည့်သည်တစ်ဦး ရောက်ရှိလာတတ်သည်။ ၎င်းနှင့်အတူ သတင်းကောင်းတစ်ခုပါ ပါလာတတ်သည်။ စီးပွားရေးအလုပ်အကိုင်များ တိုးတက်လိမ့်မည်။ မျှော်လင့်မထားသောသူများထံမှ အကူအညီကောင်းများ ရရှိလိမ့်မည်။ စွန့်စားရသောလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ အောင်လည်းအောင်မြင်လိမ့်မည်။ မိမိလုပ်ချင်သောလုပ်ငန်းများ ဒီကာလတွင်လုပ်ကိုင်နိုင်ခွင့်ရရှိလိမ့်မည်။ ကိစ္စတိုင်းတွင် ပြတ်ပြတ်သားသားဆုံးဖြတ်လုပ်ကိုင်မှ တော်ကာကျလိမ့်မည်။ တရားရုံး၊ အမှုအခင်းတို့နှင့်ပတ်သက်နေသူများ အောင်မြင်မှုရရှိမည့်ကာလဖြစ်သည်။ လုပ်ငန်းကြီးများတွင် ဦးစီးဦးဆောင်နေရာ၌ ပြုလုပ်ရတတ်သည်။ ငွေအလုံးအရင်းနှင့်ဝင်ရောက်ခြင်း၊ အရောင်းအဝယ်တစ်ခုခုမှ အကျိုးအမြတ် ကြီးကြီးမားမားရရှိခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ အလှူအတန်းများလည်း ပြုလုပ်ရတတ်သည်။ ကွဲကွာနေတာကြာပြီဖြစ်သော မိတ်ဟောင်း ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့လိမ့်မည်။ လုပ်ဖော်ကိုင်ဖက်ကောင်း၊ မိတ်ကောင်းဆွေကောင်းများနှင့် လက်တွဲလုပ်ကိုင်ရတတ်သည်။

လူမှုရေး
* လူမှုရေးတွင် လူအများနှင့်အဆင်ပြေ သင့်မြတ်ရတတ်သော ကာလဖြစ်သည်။

အချစ်ရေး
* အချစ်ရေးတွင် ချစ်သူမရသေးသူများ ချစ်သူရပြီး၊ အထီးကျန်နေသူများ ချစ်သူဟောင်း၏ ပြန်လည်ဆက်သွယ်ခြင်းကို ခံရတတ်သည်။

အိပ်မက်
* လူအများနှင့်စုဝေးပျော်ရွှင်စွာ ကျင်းပခဲ့ဖူးသော အထိမ်းအမှတ်ပွဲများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
* ၉၁ ၊ ၇၇ ၊ ၅၂ ၊ ၃၄

ယတြာ
* မိမိရှေ့တွင် ဖြစ်ပေါ်နေသော ပြဿနာများကို တရားနည်းလမ်းကျကျ ဖြေရှင်းဆောင်ရွက်ပေးလိုက်ပါ။
.
စနေသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း
-----------------------------

စနေသားသမီးများသည် ဒီကာလတွင် ထင်မှတ်မထားသော အံ့သြဖွယ်ရာ၊ ဝမ်းသာစရာ အကြောင်းကိစ္စများ တွေ့ကြုံရတတ်သည်။ အကျိုးရှိသောခရီးများ ထွက်ခွာရတတ်သည်။ ရပ်ဝေးရှိ ဆွေမျိုး မိတ်ဆွေများ၊ ကွဲကွာနေသူများနှင့် ပြန်လည်ဆုံဆည်းရတတ်သည်။ ရွှေထည်ပစ္စည်းများ ဝင်ရောက်လိမ့်မည်။ လက်တစ်ဖက်နာကျင်ကိုက်ခဲရတတ်သည်။ လုပ်ငန်းသစ်များပေါ်ပေါက်လိမ့်မည်။ အလုပ်သစ်အကိုင်သစ်များ ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။ အရေးကြီးသောကိစ္စများ၌ ခိုင်ခိုင်မာမာပြတ်ပြတ်သားသားဆုံးဖြတ်မှ တော်ကာကျမည့်ကာလဖြစ်သည်။ စုပေါင်းစပ်ပေါင်းလုပ်ငန်းများထက် တစ်ကိုယ်တော်လုပ်ငန်းများမှ အကျိုးအမြတ်များရရှိရတတ်သည်။ ထူးခြားသောဓါတ်ပုံတစ်ပုံ ရောက်ရှိလာတတ်သည်။ ထေ့ငေါ့ကြန့်ကြာနေသောကိစ္စများ အဆင်ပြေချောမွေ့သွားလိမ့်မည်။ စာချုပ်ချူပ်ဆိုခြင်းကိစ္စများ၊ စာရင်းဇယားစစ်ဆေးခြင်းကိစ္စများ အောင်မြင်လိမ့်မည်။ ခါးနာခြင်း၊ အမြင့်မှလိမ့်ကျခြင်းတို့ ကြုံတွေ့ရတတ်သည်။ သတိထားပါ။ ရာထူးတက်ခြင်း၊ လာဘ်ရွှင်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ပညာရေးတွင် ပညာသင်စရိတ်ထောက်ပံ့ခံရခြင်း၊ သင်ထောက်ကူပစ္စည်းများ လက်ဆောင်အဖြစ်ရရှိခြင်းတို့ ကြုံတွေ့ရတတ်သည်။ မထင်မှတ်ထားသော ရုတ်တရက် အန္တရာယ်များ ကျရောက်ရတတ်သည်။ မီးဘေးအန္တရာယ် အထူးသတိထားပါ။ ဆရာတု ဆရာယောင်များနှင့်တွေ့ကြုံရတတ်သည်။ အိမ်တွင်းရေး မသာမယာဖြစ်တတ်၏။ ငွေကုန်ကြေးကျများပြားပြီး ဝင်ငွေနှင့်ထွက်ငွေ မမျှမတဖြစ်နေတတ်သည်။ ခရီးသွားမည့်သူများ အထမမြောက်ဖြစ်တတ်ပါသည်။

လူမှုရေး
* လူမှုရေးတွင် မိမိလုပ်သမျှကိုင်သမျှများမှာ လူအများအတွက် ထူးဆန်းအံ့သြဖွယ်ရာများဖြစ်နေ၍ မိမိကိုလူထူးလူဆန်းတစ်ယောက်ကဲ့သို့ အထင်ခံရတတ်သည်။

အချစ်ရေး
* အချစ်ရေးတွင် ချစ်သူ၏လိမ်ညာလှည့်စားခြင်းကို ခံရတတ်သည်။

အိပ်မက်နိမိတ်
* ဝိဇ္ဇာများကို အိပ်မက်ပါက ကံကောင်းလာပါလိမ့်မည်။

အကျိုးပေးဂဏန်း
* ၉၉ ၊ ၁၆ ၊ ၇၂ ၊ ၅၉

ယတြာ
* လိမ္မော်သီး ၊ လိမ္မော်ရည် တစ်မျိုးမျိုးကို မွေးနေ့ မနက် ၉နာရီ ၄၅ ကပ်လှူပေးပါ။
.
ဆရာထွန်းလင်း (မြန်မာ့ရိုးရာဗေဒင်ပညာ)
.