**************************
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နံနက် ၂း၄၉နာရီမှ (၂၂)ရက်နေ့ နံနက် ၁း၁၅နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဥတ္တရာသဠ် နက္ခတ် နှင့်ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ဥတ္တရာသာဠ်နက္ခတ်၌ ဖွားသောသူသည် မိတ်ဆွေပေါတတ်သည်။ ကိုယ်လုံးကိုယ်ထည်ကြီးထွားတတ်သည်။ စည်းကမ်းကြီးမည်။ ချမ်းသာသလိုနေတတ်မည်။ ရဲရင့်မည်။ အောင်ပွဲအမျိုးမျိုးရတတ်သည်။ လူကြီးလူကောင်းဆန်သည်။ ဆုံးမလွယ်သည်။ ဘာသာရေးကိုင်းရှိုင်းသည်။ မိတ်သင်္ဂဟများနှင့် ဝိုင်းရံနေမည်။ သစ္စာရှိမည်။ လှပချောမောသည်။ နှစ်ခြိုက်စရာပင်ဖြစ်တတ်ပါသည်။ အပေါင်းအသင်းပေါများခြင်း၊ ကိုယ်ခန္ဓာတုတ်ခိုင် ထွားကျိုင်းခြင်း၊ နေရာတိုင်း၌ အနိုင်ရရှိသူဖြစ်ခြင်း ၊ သုခချမ်းသာရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.