**************************
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ နံနက် ၃း၅၄နာရီမှ (၂၁)ရက်နေ့ နံနက် ၂း၄၈နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ဗါသဠ် နက္ခတ် နှင့်ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ပြုဗ္ဗာသဠ်နက္ခတ်၌ ဖွားသောသူသည် တွေ့ကာ၊ မြင်ကာ၊ လျင်စွာ၊ ရှေးဦး၊ ကျေးဇူးတင်မှု ပြုတတ်ပေးမည်။ ဘုန်းရှင်ကံရှင်လည်းဖြစ်မည်။ လူချစ်လူခင်လည်းများမည်။ အကျိုးအားလုံး ပြီးဆုံးအောင် သိမ်းကျုံးမြော်မြင်တတ်သည်။ သဘောကောင်းသော အိမ်ထောင်ဘက်ကိုရရှိ၍ စည်းစိမ် သုခချမ်းသာရ၍ ပျော်ရွှင်ရတတ်သည်။ ဂုဏ်ယူဝမ်းမြောက်ရတတ်သည်။ မိတ်ဆွေစစ် တစ်ဦးဖြစ်သည်။ မိမိထံ အောက်ကြို့လာသူအား အကူအညီပြု၊ ကျေးဇူး ပြုတတ်ခြင်း၊ ဘုန်းကံကြီးမားခြင်း၊ လူအများကချစ်ခင်ခြင်း၊ ထို့ပြင် အရာရာသော ကိစ္စရပ်များတွင် ကျွမ်းကျင်လိမ္မာမှုရှိပြီး အမြင်ကျယ်သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.