
ဇွန်လ(၉)ရက်နေ့ ညနေ ၄း၃၁ နာရီ မှ (၁၀)ရက်နေ့ ည ၇း၀၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ ညနေ ၄း၃၁ နာရီ မှ (၁၀)ရက်နေ့ ည ၇း၀၀ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် အနုရာဓနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် အနုရာဓနက္ခတ်၌ ဖွားသောသူသည် လူစွမ်းလူစပြရန် အရေး၊ ဝေးရာဒေသဌာနတပါး သွားလာနေတတ်ခြင်းရှိမည်။ ဆွေမျိုးဉာတိ အသိအကျွမ်း ပြန်တမ်းဆောင်ဖို့ကိစ္စ၌ နိစ္စမပြတ် အပတ်တကုတ် ကြိုးစားဆောင်ရွက်တတ်သည်။ မျက်နှာပြောင်ပြောင် ပွဲလယ်ခေါင်မှာ ထောင်ထောင် ထောင်ထောင် အမြဲလုပ်သူဖြစ်မည်။ စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာ၍ နိုင်ငံရပ်ခြားတွင် နေထိုင်ရတတ်သည်။ ဆာလောင်မွတ်သိပ်မှုဒဏ်ကို မခံနိုင်တတ်ပေ။ ပညာပစ္စည်းဥစ္စာရှာကြံရန် တိုင်းတပါးသို့ ထွက်ခွာသွားရတတ်သည်။ အပေါင်းအသင်း မိတ်ဆွေများအပေါ် တာဝန်ကျေပြွန်တတ်သည်၊ အရှက်အကြောက်ကင်းမဲ့သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.