
ဇွန်လ(၇)ရက်နေ့ နံနက် ၁၀း၄၁ နာရီမှ (၈)ရက်နေ့ နေ့လည် ၁း၄၂ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ နံနက် ၁၀း၄၁ နာရီမှ (၈)ရက်နေ့ နေ့လည် ၁း၄၂ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် သွာတိနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် သွာတိနက္ခတ်၌ ဖွားသောသူသည် ပညာရှိသူသည်လည်းကောင်း၊ တရားသမားသည်လည်း ကောင်း၊ အထီးကျန်နေသူသည်လည်းကောင်း၊ ချစ်ချစ်ခင်ခင် ကျွမ်းကျွမ်းဝင်ဝင်နေတတ်သည် လည်းကောင်း၊ ဘုရားကို လေးစားဆည်းကပ်သူသည်လည်းကောင်း ဖြစ်မည်။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသည်။ ကုန်သည်တစ်ဦးဖြစ်မည်။ ရိုးသားသော စိတ်ထားရှိမည်။ အပြော ချိုသာမည်။ ဘာသာတရားကို လေးစားသက်ဝင်၍ ဘာသာတရားနှင့်အညီ ကျင့်ကြံနေထိုင်လိမ့်မည်။ အရိပ်အကဲဉာဏ်အမြင်ကျယ်ခြင်း၊ တရားဓမ္မနှင့် ညီညွှတ်စွာနေခြင်း၊ ကပ်စေးနဲတွန့်တိုတတ်ခြင်း၊ လူအများ၏ချစ်ခင်မှုကိုခံရခြင်း၊ ယဉ်ကျေးသိမ်မွေ့ ခြင်း၊ ဘုရားကိုကြည်ညိုသောပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.