ဇွန်လ(၄)ရက်နေ့  နံနက် ၂း၂ နာရီ မှ (၅)ရက်နေ့ နံနက် ၄း၃၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဇွန်လ(၄)ရက်နေ့ နံနက် ၂း၂ နာရီ မှ (၅)ရက်နေ့ နံနက် ၄း၃၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Wednesday, June 4, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဇွန်လ(၄)ရက်နေ့  နံနက် ၂း၂ နာရီ မှ (၅)ရက်နေ့ နံနက် ၄း၃၀ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဥတ္တရဖလဂုဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 
၎င်းကလေးများသည် ဥတ္တရဖလဂုဏီနက္ခတ်၌ ဖွားသောသူသည် ယဉ်ကျေးခြင်း၊ ရဲရင့်ခြင်း၊ နူးညံ့ခြင်းရှိမည်။ စကားတတ်မည်။ လေးသည်ကျော် ပဏ္ဍိတစ်ဦးဖြစ်မည်။ သူရဲကောင်းကြီးဖြစ်မည်။ လူချစ်လူခင်များမည်။ ချစ်စရာကောင်း၍ လှပချေမောမည်။ စာပေနှင့် အသက်မွေးကြောင်းပြုမည်။ အာရုံနှင့် အပျော်အပါးကို ခံစားမည်။ ပျော်ရွှင်မည်။ မိမိ၏စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း၊ ရဲစွမ်း သတ္တိရှိခြင်း၊ ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်ခြင်း၊ စစ်တိုက်ပညာ၌ ကောင်းစွာ ကျွမ်းကျင် တတ်မြောက်ခြင်း၊ စစ်ဗိုလ်ချုပ်ကြီးဖြစ်ရခြင်း၊ လူအများ၏ ချစ်ခင်လေးစားမှုခံရတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.