ဇွန်လ(၂)ရက်နေ့  ည ၁၁း၅၇ နာရီ မှ (၃)ရက်နေ့တစ်နေ့လုံးနှင့် (၄)ရက်နေ့ နံနက် ၂း၁ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဇွန်လ(၂)ရက်နေ့ ည ၁၁း၅၇ နာရီ မှ (၃)ရက်နေ့တစ်နေ့လုံးနှင့် (၄)ရက်နေ့ နံနက် ၂း၁ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Tuesday, June 3, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဇွန်လ(၂)ရက်နေ့  ည ၁၁း၅၇ နာရီ မှ (၃)ရက်နေ့တစ်နေ့လုံးနှင့် (၄)ရက်နေ့ နံနက်၂း၁ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။ 

၎င်းကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်၌ ဖွားသောသူသည် နွား၊ ကျွဲ၊ သတ္တဝါ ဥစ္စာဓနပေါကြွယ်ဝခြင်း၊ လေးနက်ခြင်း၊ မိန်းမချစ်ခြင်း၊ ချမ်းသာခြင်း၊ ပညာရှိအပူဇော်ခံရခြင်းရှိမည်။ လှူဒါန်းပေးကမ်းလိမ့်မည်။ ထင်ရှားကျော်ဇောမည်။ လှပချောမောသည်။ အမြဲမပြတ်ခရီးသွားလာနေတတ်သည်။ လမ်းလျှောက်နေမည်။ ပညာတတ်ဖြစ်မည်။ တိရစ္ဆာန်မွေးတတ်ခြင်း၊ နက်နဲသော အသိဉာဏ်ရှိခြင်း၊ လှပချောမွေ့သော အပျိုမိန်းကလေးများ၏ ချစ်ကြိုက်မှုကို ခံရခြင်း။ သုခချမ်းသာရှိခြင်း၊ လူအများ၏ လေးစားမှုကိုခံရခြင်းနှင့် ပဏ္ဍိတပညာရှိ ပုဂ္ဂိုလ်ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.