
မေလ(၂၆)ရက်နေ့ နံနက် ၉း၂၄ နာရီမှ (၂၇)ရက်နေ့ နံနက် ၆း၅၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ မေလ(၂၆)ရက်နေ့ နံနက် ၉း၂၄ နာရီမှ (၂၇)ရက်နေ့ နံနက် ၆း၅၅ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ကြတ္တိကာနက္ခတ်၌ ဖွားသောသူသည် အထီးကျန်ဖြစ်တတ်သည်။ ယုတ်မာသောအမှုကိုပြုမည်။ အမြဲဆာလောင်တတ်သည်။ (မကြာခဏစားတတ်သည်) မပြုသင့်သောအမှုကို အမြဲပြုတတ်သည်။ အငမ်းမရ စားသောက်တတ်သည်။ သူတစ်ပါးသားမယားတို့ကို ကျူးလွန်ဖောက်ပြားတတ်သည်။ သည်းခံနိုင်သော စိတ်ထားမရှိပါ။ မျက်နှာကြီးသူဖြစ်ပါသည်။ နှမြောတွန့်တိုတတ်ခြင်း၊ အကုသိုလ်ပြုခြင်း၊ ဆာလောင်မွတ်သိပ်မှု၏ နှိပ်စက်ခံရခြင်း၊ ဒုက္ခရင်ဆိုင်ရခြင်း မပြုအပ်သည်ကို အမြဲပြုလုပ်လေ့ရှိတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.