
မေလ (၂၅) ရက်နေ့ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ မေလ(၂၄)ရက်နေ့ နေ့လည် ၁း၄၇ နာရီ မှ (၂၅)ရက်နေ့ နေ့လည် ၁၂း၁၀ နာရီအတွင်း မွေးဖွားမည့်ကလေး များသည် အဿဝဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် အဿဝဏီနက္ခတ်၌ ဖွားသောသူသည် ရုပ်ကောင်းတတ်သည်။ အရှိန်အဝါကြီးတတ်သည်။ ကျွမ်းကျင်လိမ္မာတတ်သည်။ ကိုယ်လုံးတုတ်မည်။ ဓနရှင်အကြီးစားဖြစ်မည်။ လူချစ်လူခင်ပေါ မည်။ အနုပညာ၊ ပြဇာတ်၊ ကဇာတ်၊ ရုပ်ရှင်များကို ချစ်မြတ်နိုးလိမ့်မည်။ ဆန်းကျယ်လှပသော အဝတ်အစား၊ လက်ဝတ်ရတနာများကို နှစ်သက်မည်။ ဆွဲဆောင်မှုရှိသည်။ လှပချောမော၍ ချစ်စရာကောင်းမည်။ ဉာဏ်ကောင်း၍ ကျွမ်းကျင်လိမ္မာမည်။ ရုပ်ရည်လှပခြင်း၊ ကောင်းသောကံကြမ္မာရှိခြင်း၊ ကိစ္စ အ၀၀တွင် ကြိုတင်၍ အမြင်ရှိခြင်း၊ ကိုယ်ခန္ဓာ၀၀တုတ်တုတ်ရှိခြင်း၊ ဥစ္စာပစ္စည်းချမ်းသာခြင်း၊ မိမိတာဝန်ကျရာလုပ်ငန်းများတွင် ကျေပွန်စွာ ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ လူအများစု၏ ချစ်ခင်မှုကို ခံယူရခြင်း ဖြစ်တတ်ပါသည်။
၂၀၂၅ခုနှစ်၊ မေလ(၂၅)ရက်နေ့ နေ့လည် ၁၂း၁၁ နာရီမှ (၂၆)ရက်နေ့ နံနက်၉း၂၄ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဘရဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ဘရဏီနက္ခတ်၌ မွေးဖွားသောသူသည် ရောဂါကင်းမည်။ အမှန်ဆိုတတ်မည်။ သက်လုံကောင်းမည်။ အကျင့်ခိုင်မာခြင်း၊ ကိုယ်စိတ်နှစ်ပါး အလွန်ချမ်းသာခြင်းရှိမည်။ ဓနရှင် ဖြစ်မည်။ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည်။ သစ္စာရှိသည်။ ကျန်းမာသည်။ ပူပန်ကြောင့်ကြမှု ကင်း၍ ပျော်ရွှင်မည်။ လက်ရာမြောက်ကျွမ်းကျင်မည်။ ကျန်မာရေးကောင်းခြင်း၊ မှန်ကန်သောစကားကို ပြောဆိုတတ်ခြင်း၊ မြင့်မြတ်သော အယူဝါဒရှိခြင်း၊ ခိုင်မာသောသစ္စာရှိခြင်းနှင့် သုခချမ်းသာ ရှိတတ်ပါသည်၊ ဥစ္စာဓနချမ်းသာတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.