
မေလ(၂၁)ရက်နေ့ ည ရး၅၆ နာရီမှ မေလ(၂၂)ရက်နေ့ ည ၆း၃၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ မေလ(၂၁)ရက်နေ့ ည ရး၅၆ နာရီမှ မေလ(၂၂)ရက်နေ့ ည ၆း၃၅ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် ပြုပ္ပဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ပြုပ္ပဘဒြပိုဒ်နက္ခတ်၌ ဖွားသောသူသည် စကားတတ်ခြင်း၊ ချမ်းသာခြင်း၊ သားသမီးပွားစီ ထွန်းကားခြင်း၊ အအိပ်ကြီးခြင်း၊ အသုံးမကျသူဖြစ်မည်။ စိုးရိမ်ပူပန်ကြောင့်ကြတတ်သည်။ ဝမ်းနည်းကြေကွဲရတတ်သည်။ သူတပါးမယားကို အရှင်သခင်အနေဖြင့် ဆက်ဆံတတ်သည်။ စည်းစိမ်ချမ်းသာကြွယ်ဝ၍ လိမ္မာကျွမ်းကျင်သော်လည်း မလှူရက်၊ မတန်းရက်ဖြစ်နေတတ်သည်။ စကားအပြောအဆိုကြွယ်ဝခြင်း၊ သုခစည်းစိမ်ခံစားခြင်း၊ သားသမီးချွေရံများစွာရှိခြင်း၊ အအိပ်လွန်စွာကြီးခြင်း၊ အချိန်ကို အချည်းနှီးဖြုန်းတီးနေသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.