မေလ(၁၇)ရက်နေ့  ညနေ ၆း၄၃ နာရီ မှ (၁၈)ရက်နေ့ ည ရး၅၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

မေလ(၁၇)ရက်နေ့ ညနေ ၆း၄၃ နာရီ မှ (၁၈)ရက်နေ့ ည ရး၅၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Sunday, May 18, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ မေလ(၁၇)ရက်နေ့  ညနေ ၆း၄၃ နာရီ မှ (၁၈)ရက်နေ့ ည ရး၅၀ နာရီအတွင်း မွေးဖွားမည့်ကလေး များသည်  ဥတ္တရသဠ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ဥတ္တရသဠ်နက္ခတ်၌ ဖွားသောသူသည် မိတ်ဆွေပေါတတ်သည်။ ကိုယ်လုံးကိုယ်ထည်ကြီးထွားတတ်သည်။ စည်းကမ်းကြီးမည်။ ချမ်းသာသလိုနေတတ်မည်။ ရဲရင့်မည်။ အောင်ပွဲအမျိုးမျိုးရတတ်သည်။ လူကြီးလူကောင်းဆန်သည်။ ဆုံးမလွယ်သည်။ ဘာသာရေးကိုင်းရှိုင်းသည်။ မိတ်သင်္ဂဟများနှင့် ဝိုင်းရံနေမည်။ သစ္စာရှိမည်။ လှပချောမောသည်။ နှစ်ခြိုက်စရာပင်ဖြစ်တတ်ပါသည်။ အပေါင်းအသင်းပေါများခြင်း၊ ကိုယ်ခန္ဓာတုတ်ခိုင် ထွားကျိုင်းခြင်း၊ နေရာတိုင်း၌ အနိုင်ရရှိသူဖြစ်ခြင်း။ သုခချမ်းသာရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.