၂၀၂၅ ခုနှစ် မေလ အတွက် ကောင်းကျိုးအဖြာဖြာရရှိစေမယ့် ယတြာ

၂၀၂၅ ခုနှစ် မေလ အတွက် ကောင်းကျိုးအဖြာဖြာရရှိစေမယ့် ယတြာ

Wednesday, May 14, 2025

ဂမ္ဘီရ

အခု ဒီယတြာလေးကတော့ လအလိုက် တစ်လတိတိ ဆောင်ရွက်မယ့် လုပ်ရမယ့် ကုသိုလ်ယတြာလေးပဲ ဖြစ်ပါတယ်။ ဒီယတြာလေးကို ဆောင်ရွက်ခြင်းဖြင့် မိမိတို့ လအလိုက် တစ်လချင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူမှုရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး စတဲ့ ကိစ္စတွေမှာ အထောက်အပံ့တွေ ဖြစ်ပြီးတော့ ကံတွေကောင်းပြီးတော့မှ အခက်အခဲတွေ ပြေလည်ပြီးတော့မှ ဘဝမှာ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။

ယခုလအတွင်းကတော့  ဗူးဘုရားဟာ အောင်မြေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဗူးဘုရားကို သွားရင်ပဲဖြစ်ဖြစ် ၊ မသွားနိုင်ရင်လည်း ဓာတ်ပုံပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် အိမ်ကနေ ရည်မှန်းပြီးတော့ လှူဒါန်းလို့လည်းဖြစ်ဖြစ် ဆောင်ရွက်နိုင်ပါတယ်။ ဗူးဘုရားမှာ အရှေ့တောင်အရပ်ကို မျက်နှာမူပြီး စတော်ဘယ်ရီယိုဆွမ်းကို ကပ်လှူကာ "လိုတရဂါထာ"ကို (၉) ခေါက် ရွတ်ပြီးတော့မှ လိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။

ယတြာလုပ်ဆောင်ရမယ့်ရက်ကတော့ ၁၅.၅.၂၀၂၅ မှ ၁၄.၆.၂၀၂၅ ရက်နေ့အထိ တစ်လတိတိ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီတစ်လတာအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်တဲ့အရေးကိစ္စတွေ အဆင်ပြေပြီးတော့မှ ကုသိုလ်လည်းရ တဖက်က မိမိတို့ဘဝလည်း အေးချမ်းပြီးတော့မှ အောင်မြင်မှုတွေ တိုးတက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #မေလ #အိမ်ထောင်ရေး #စီးပွားရေး #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်