ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်တွင် အတာစားသူ ဗုဒ္ဓဟူးသားသမီးများ ဆောင်ရန် ရှောင်ရန်

ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်တွင် အတာစားသူ ဗုဒ္ဓဟူးသားသမီးများ ဆောင်ရန် ရှောင်ရန်

Saturday, April 12, 2025

ဂမ္ဘီရ

ကောဇာသက္ကရာဇ် ၁၃၈၇ခုနှစ်တွင် ဗုဒ္ဓဟူးသားသမီးများ အတာစားမှာ ဖြစ်ပြီး မကောင်းမှုတွေ ရှောင်ရှားကာ ကောင်းမှုများစွာပြုလုပ်လျှင် ကောင်းကျိုးတွေ ပို၍ ပေးနိုင်ပါလိမ့်မည်။

အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့တို့တွင်

၁။သားကြီးငါးကြီးများနှင့်ခြေလေးချောင်းသားများ စားခြင်း ရှောင်ကြဥ်ရမည်။

၂။မေထုန်အမှုပြုခြင်း ရှောင်ကြဥ်ရမည်။

၃။သူတစ်ပါးအသက်သတ်ဖြတ်ခြင်းနှင့်စေခိုင်းခြင်း အားပေးချီးမြှောက်ခြင်း ရှောင်ကြဥ်ရမည်။

၄။ မူးယစ်စေသောအရာများ သောက်သုံးပြုလုပ်ခြင်း ရှောင်ကြဥ်ရမည်။

၅။ ခိုက်ရန်စကားများခြင်း၊သွေးထွက်သံယိုဖြစ်ခြင်းများ ရှောင်ကြဥ်ရမည်။

၆။သစ်ပင်ခုတ်ခြင်း၊ ပစ္စည်းသိုလှောင်ခြင်းများ ရှောင်ကြဥ်ရမည်။

အတာစားသော ဗုဒ္ဓဟူးသားသမီးများအနေဖြင့် အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့ တနေ့နေ့မှာ ခြေသည်း လက်သည်း ညှပ်ပြီး တရောကင်ပွန်းနဲ့ ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ရပါမည် ။

ဘုန်းကြီးရဟန်းဖြစ်စေ မိဘဆရာသမားကိုဖြစ်စေ ဆေးဝါးဓါတ်စာများ လှူဒါန်းပေးရမည်။

မိမိနေအိမ်ဘုရားမှာဖြစ်စေ ဘုရားကျောင်းကန်မှာဖြစ်စေ သန့်ရှင်းရေးကုသိုလ်များ ပြုလုပ်ပေးရပါမည် ။ (စေတီတော်တွေမှာ တံပျက်စီးလှည်းခြင်း ရေသပ္ပါယ်ခြင်း ပြုလုပ်ပေးလည်း ရပါသည်။)

သန့်ရှင်းကောင်းမွန်သော အဝတ်စားကို ဝတ်ဆင်ပြီး မြောက်အရပ်ကိုမျက်နှာမူကာ အနန္တော အနန္တ ငါးပါးနှင့် သိကြား၊ ဗြဟ္မာ၊သမ္မာဒေဝနတ်ကောင်းနတ်မြတ်များ /သာသနာတော်စောင့် နတ်ကောင်း နတ်မြတ်တို့အား ရှိခိုးတိုင်ကြား ပူဇော်ပြီး ဆုမွန်ကောင်း တောင်းရပါမည်။

မေတ္တသုတ်ရွတ်ဖတ်ပြီး မေတ္တာပို့အမျှဝေခြင်း ၊ သရဏဂုံ ရွတ်ဖတ်ခြင်း ၊ ဂုဏ်တော်ပွားများခြင်း ၊ သီလဆောတ်တည်ခြင်းများ ပြုလုပ်နေထိုင်ရမည်။

အတာစားသော ဗုဒ္ဓဟူးသားသမီးများအနေဖြင့် ယခုနှစ်ပြုလုပ်သင့်ဆုံးယတြာကတော့ သားသတ်လွတ်စားခြင်း ၊ ရွှေသင်္ကန်းကပ်လှူခြင်း ၊ ပျက်နေသော ဘုရားကျောင်းကန် အဆောက်အဦးများ ပြန်လည် ပြုပြင်သောနေရာများတွင် အလှူငွေပါဝင်ခြင်းများ ပြုလုပ်သင့်ပေသည်။

Credit:
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ဧပြီလ #အတာစား #ဗုဒ္ဓဟူးသားသမီး #အတက်နေ့ #နှစ်ဆန်း၁ရက်နေ့ #မေတ္တသုတ် #ယတြာ #ဗေဒင်