
ဧပြီလ(၆)ရက်နေ့ နံနက် ၆း၃၈နာရီမှ (၇)ရက်နေ့ နံနက် ရး၂၉ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဧပြီလ(၆)ရက်နေ့ နံနက် ၆း၃၈နာရီမှ (၇)ရက်နေ့ နံနက် ရး၂၉ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဖုသျှနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ဖုသျှနက္ခတ်၌ ဖွားသောသူသည် ရတနာမြတ်၊ သုံးပါးနတ်နှင့်၊ မြင့်မြတ်ဘုရား၊ စီးပွားဥစ္စာ၊ မကွာထပ်ကြပ်၊ ပူးကပ်ယှဉ်နေ၊ ရင်းနှီးပေ၏။ သားသမီးနှင့်၊ ထံနီးမကွေ၊ အမြဲနေ၏။ အရာရာ ပညာအမြော်အမြင်ဆင်ခြင်တတ်မည်။ စိတ်အေး၊ လက်အေးနေတတ်၏။ မိမိအာသာဆန္ဒကို ထိန်းသိမ်း၍ အေးဆေးတည်ငြိမ်စွာဖြင့် ပျော်ရွှင်စွာ နေထိုင်လိမ့်မည်။ လှပသော ကိုယ်ခန္ဓာ ရှိတတ်သည်။ သျှတ္တရကျမ်းများကို ရေးသားလိမ့်မည်။ ချမ်းသာကြွယ်ဝသည်။ ဘာသာတရား လေးစားသည်။ ဘာသာရေးအခမ်းအနားများနှင့် ဂါထာ၊ ပရိတ်၊ မန္တာန်များကို လေ့လာမည်။ နတ်ဒေဝါနှင့် ကုသိုလ်တရားကို ယုံကြည်ခြင်း၊ဥစ္စာဓနချမ်းသာခြင်း၊ ပညာရှင်ဖြစ်ခြင်း၊ ငြိမ်းအေးခြင်း၊ ရုပ်ရည်လှပခြင်း၊ သားသမီးများနှင့် သုခချမ်းသာ ပြည်စုံသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.