မတ်လ(၃၀)ရက်နေ့  ညနေ ၅း၃၇ နာရီမှ (၃၁)ရက်နေ့ ညနေ ၂း၄၇ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

မတ်လ(၃၀)ရက်နေ့ ညနေ ၅း၃၇ နာရီမှ (၃၁)ရက်နေ့ ညနေ ၂း၄၇ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Monday, March 31, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ မတ်လ(၃၀)ရက်နေ့  ညနေ ၅း၃၇ နာရီမှ (၃၁)ရက်နေ့ ညနေ ၂း၄၇ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် အဿဝဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် အဿဝဏီနက္ခတ်၌ ဖွားသောသူသည် ရုပ်ကောင်းတတ်သည်။ အရှိန်အဝါကြီးတတ်သည်။ ကျွမ်းကျင်လိမ္မာတတ်သည်။ ကိုယ်လုံး တုတ်မည်။ ဓနရှင်အကြီးစားဖြစ်မည်။ လူချစ်လူခင်ပေါမည်။ အနုပညာ၊ ပြဇာတ်၊ ကဇာတ်၊ ရုပ်ရှင်များကို ချစ်မြတ်နိုးလိမ့်မည်။ ဆန်းကြယ်လှပသော အဝတ်အစား၊ လက်ဝတ်ရတနာများကို နှစ်သက်မည်။ ဆွဲဆောင်မှုရှိသည်။ လှပချောမော၍ ချစ်စရာကောင်းမည်။ ဉာဏ်ကောင်း၍ ကျွမ်းကျင်လိမ္မာမည်။ ရုပ်ရည်လှပခြင်း၊ ကောင်းသော ကံကြမ္မာရှိခြင်း၊ ကိစ္စအ၀၀တွင် ကြိုတင်၍ အမြင်ရှိခြင်း၊ ကိုယ်ခန္ဓာ၀၀တုတ်တုတ်ရှိခြင်း၊ ဥစ္စာပစ္စည်းချမ်းသာခြင်း၊ မိမိတာဝန်ကျရာလုပ်ငန်းများတွင် ကျေပွန်စွာ ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ လူအများစု၏ ချစ်ခင်မှုကို ခံယူရခြင်း ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.