မတ်လ(၂၄)ရက်နေ့  နံနက် ၅း၁၆ နာရီမှ (၂၅)ရက်နေ့ နံနက် ၅း၂၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

မတ်လ(၂၄)ရက်နေ့ နံနက် ၅း၁၆ နာရီမှ (၂၅)ရက်နေ့ နံနက် ၅း၂၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Monday, March 24, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ မတ်လ(၂၄)ရက်နေ့  နံနက် ၅း၁၆ နာရီမှ (၂၅)ရက်နေ့ နံနက် ၅း၂၃ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ဥတ္တရာသဠ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ဥတ္တရာသဠ်နက္ခတ်၌ ဖွားသောသူသည် မိတ်ဆွေပေါတတ်သည်။ ကိုယ်လုံးကိုယ်ထည်ကြီးထွားတတ်သည်။ စည်းကမ်းကြီးမည်။ ချမ်းသာသလို နေတတ်မည်။ ရဲရင့်မည်။ အောင်ပွဲအမျိုးမျိုးရတတ်သည်။ လူကြီးလူကောင်းဆန်သည်။ ဆုံးမလွယ်သည်။ ဘာသာရေး ကိုင်းရှိုင်းသည်။ မိတ်သင်္ဂဟများနှင့် ဝိုင်းရံနေမည်။ သစ္စာရှိမည်။ လှပချောမောသည်။ နှစ်ခြိုက်စရာပင်ဖြစ်တတ်ပါသည်။ အပေါင်းအသင်းပေါများခြင်း၊ ကိုယ်ခန္ဓာတုတ်ခိုင် ထွားကျိုင်းခြင်း၊ နေရာတိုင်း၌ အနိုင်ရရှိသူဖြစ်ခြင်း။ သုခချမ်းသာရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.