မတ်လ(၂၃)ရက်နေ့ နံနက် ၄း၂၂ နာရီမှ (၂၄)ရက်နေ့ နံနက် ၅း၁၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ နံနက် ၄း၂၂ နာရီမှ (၂၄)ရက်နေ့ နံနက် ၅း၁၅ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ဗါသဠ်နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ပြုပ္ဗါသဠ်နက္ခတ်၌ ဖွားသောသူသည် တွေ့ကာ၊ မြင်ကာ၊ လျင်စွာ၊ ရှေးဦး၊ ကျေးဇူးတင်မှု ပြုတတ်ပေးမည်။ ဘုန်းရှင်ကံရှင်လည်း ဖြစ်မည်။ လူချစ်လူခင်လည်းများမည်။ အကျိုးအားလုံး ပြီးဆုံးအောင် သိမ်းကျုံးမြော်မြင်တတ်သည်။ သဘောကောင်းသော အိမ်ထောင်ဘက်ကိုရရှိ၍ စည်းစိမ် သုခချမ်းသာရ၍ ပျော်ရွှင်ရတတ်သည်။ ဂုဏ်ယူဝမ်းမြောက်ရတတ်သည်။ မိတ်ဆွေစစ်တစ်ဦး ဖြစ်သည်။ မိမိထံ အောက်ကြို့လာသူအား အကူအညီပြု၊ ကျေးဇူးပြုတတ်ခြင်း၊ ဘုန်းကံကြီးမားခြင်း၊ လူအများကချစ်ခင်ခြင်း၊ ထို့ပြင် အရာရာသော ကိစ္စရပ်များတွင် ကျွမ်းကျင်လိမ္မာမှုရှိပြီး အမြင်ကျယ်သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.