
မတ်လ(၂၂)ရက်နေ့ နံနက် ၂း၄၅ နာရီမှ (၂၃)ရက်နေ့ နံနက် ၄း၂၁ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ နံနက် ၂း၄၅ နာရီမှ (၂၃)ရက်နေ့ နံနက် ၄း၂၁ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် မူလနက္ခတ်နှင့် ယှဉ်၍မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် မူလနက္ခတ်၌ ဖွားသောသူသည် ချမ်းသာမည်။ ချမ်းသာရုံမျှသာမက ဓနစွမ်းအင်၊ မြင်းဆင်ရထား၊ ယာဉ်လည်းများ၏။ ရက်စက်စရာရှိက ထက်ထက်မြက်မြက် ရက်စက်ပါမည်။ အားအင်မြောက်မြား ကြောက်ပါးလိလိရှိတတ်သည်။ အမှုကိစ္စကို စွဲစွဲမြဲမြဲ ရဲရဲရင်းရင်း လုပ်တတ်သည်။ တစ်ဖက်ရန်သို့ ပူပန်အောင် နှိပ်စက်နိုင်သော သူရဲကောင်းဖြစ်မည်။ ဘုန်းရှင်ကံရှင်လည်းဖြစ်သည်။ မာနကြီး၍ မောက်မာတတ်သည်။ အများ၏ ရိုသေလေးစားခြင်း ရှိမည်။ စည်းစိမ်ကြွယ်ဝချမ်းသာ၍ ပျော်ရွှင်မည်။ လှည့်ဖျားတတ်ခြင်းမရှိ၊ စိတ်ဓါတ်ခိုင်မာသည်။ စနစ်ကျကျ နေထိုင်လိမ့်မည်။ သုခချမ်းသာရှိခြင်း၊ ဥစ္စာဓနနှင့် စီးသောယာဉ်များ ပိုင်ဆိုင်ခြင်း၊ အတိုက်အခံပြုတတ်ခြင်း၊ ခွန်အားဗလရှိခြင်း၊ ခိုင်မြဲသောလုပ်ငန်းရှိတတ်သည်၊ ရန်သူ ဟူသမျှကို တွန်းလှန်နိုင်ခြင်း၊ ထို့ပြင် ဉာဏ်ပညာနှင့် ပြည့်စုံသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.