၆ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်

၆ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်

Wednesday, February 19, 2025

ဂမ္ဘီရ

မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။

သံယောဇဉ်ကြီး၍ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသောအယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။

မိသားစု အသိုင်းအဝိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့်ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်းမရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။

သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည်။ အချစ်မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #၆ဂဏန်းသမား #အချစ်ရေး #အိမ်ထောင်ရေး #ဂဏန်းဗေဒင် #ဆောင်ရန် #ရှောင်ရန် #ဗေဒင်