
၅ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်
မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။
တွေဝေ ဒွိဟဖြစ်တတ်သော သဘောသဘာ၀ရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။
မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက်အကူပြု ပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေးနှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့်သူဖြစ်သည်။
မိမိနှင့် အသက် အရွယ်၊ ၀န်းကျင်ဇာတိ သဘာ၀မတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်ဆန်သော နှလုံးသားဖြစ်သည်။
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #၅ဂဏန်းသမား #အချစ်ရေး #အိမ်ထောင်ရေး #ဂဏန်းဗေဒင် #ဆောင်ရန် #ရှောင်ရန် #ဗေဒင်