
၄ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ဂဏန်းသမားများဟုခေါ်သည်။
အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံတတ်သည်။
ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေးရွေးချယ်၍ အလိုလိုက်အကြိုက်ဆောင်ကာ ဘဝမြင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။
စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာတွင် စိတ်ဓါတ်တက်လွယ်၊ ကျလွယ်သည်။
ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့်တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #၄ဂဏန်းသမား #အချစ်ရေး #အိမ်ထောင်ရေး #ဂဏန်းဗေဒင်#ဆောင်ရန် #ရှောင်ရန် #ဗေဒင်