၃ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်

၃ ဂဏန်းသမားများအတွက် အချစ်ရေး အိမ်ထောင်ရေး ဂဏန်းဗေဒင်

Thursday, February 13, 2025

ဂမ္ဘီရ

မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၃ ဂဏန်းသမား များဟုခေါ်သည်။

မျက်နှာပွင့်၍ လူချစ်လူခင်ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့သမျှကို နားလည်ခွင့်လွှတ်သောသူ၊ အနိုင်ယူရမည့်သူကို ရွေးချယ်တတ်သည်။

နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံးပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူတစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေးလွန်းသူဖြစ်သည်။
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #၃ဂဏန်းသမား #အချစ်ရေး #အိမ်ထောင်ရေး #ဂဏန်းဗေဒင် #ဆောင်ရန် #ရှောင်ရန် #ဗေဒင်