![ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက် ဝး၁၉ နာရီမှ (၄)ရက်နေ့ ည ၁၀း၅၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ](https://imagesbucket.sgp1.digitaloceanspaces.com/nayla/dev/8fxZWb65BLAQFy9nVt0IIqISRUPi4agcdSi7pKlQ.jpg)
ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက် ဝး၁၉ နာရီမှ (၄)ရက်နေ့ ည ၁၀း၅၀ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက် ဝး၁၉ နာရီမှ (၄)ရက်နေ့ ည ၁၀း၅၀ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် အဿဝဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် အဿဝဏီနက္ခတ်၌ ဖွားသောသူသည် ရုပ်ကောင်းတတ်သည်။ အရှိန်အဝါကြီးတတ်သည်။ ကျွမ်းကျင်လိမ္မာတတ်သည်။ ကိုယ်လုံးတုတ်မည်။ ဓနရှင်အကြီးစားဖြစ်မည်။ လူချစ်လူခင်ပေါမည်။ အနုပညာ၊ ပြဇာတ်၊ ကဇာတ်၊ ရုပ်ရှင်များကို ချစ်မြတ်နိုးလိမ့်မည်။ ဆန်းကျယ်လှပသော အဝတ်အစား၊ လက်ဝတ်ရတနာများကို နှစ်သက်မည်။ ဆွဲဆောင်မှုရှိသည်။ လှပချောမော၍ ချစ်စရာကောင်းမည်။ ဉာဏ်ကောင်း၍ ကျွမ်းကျင်လိမ္မာမည်။ ရုပ်ရည်လှပခြင်း၊ ကောင်းသောကံကြမ္မာရှိခြင်း၊ ကိစ္စ အ၀၀တွင် ကြိုတင်၍ အမြင်ရှိခြင်း၊ ကိုယ်ခန္ဓာ၀၀တုတ်တုတ်ရှိခြင်း၊ ဥစ္စာပစ္စည်းချမ်းသာခြင်း၊ မိမိတာဝန်ကျရာ လုပ်ငန်းများတွင် ကျေပွန်စွာ ဆောင်ရွက်နိုင်စွမ်းရှိခြင်း၊ လူအများစု၏ ချစ်ခင်မှုကို ခံယူရခြင်း ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.