ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက် ၁း၅၄ နာရီမှ (၄)ရက်နေ့ နံနက် ဝး၁၈ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက် ၁း၅၄ နာရီမှ (၄)ရက်နေ့ နံနက် ဝး၁၈ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ရေဝတီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ရေဝတီနက္ခတ်၌ ဖွားသောသူသည် အင်္ဂါခြေလက်ပြည့်ဖြိုးမည်။ စင်ကြယ်မည်။ ကျွမ်းကျင်မည်။ သူတပါးအကျိုးသည်ပိုးမည်။ ရဲရင့်မည်။ တွေးခေါ်မြော်မြင်တတ်သည်။ စပါးဆန်ရေ ရွှေငွေ၊ ဘဏ္ဍာ ဥစ္စာစီးပွားတို့ဖြင့် တင့်တင့်တယ်တယ်ရှိမည်။ ခြေဆံလက်ဆံ သန်မာထွားကြိုင်း ဖွံ့ဖြိုးသည်။ ကျက်သရေရှိသော အဆင်းနှင့်ပြည့်စုံသည်။ သူရဲကောင်းတစ်ဦးပမာပင် ဖြစ်သည်။ ရိုးသားသည်။ ချမ်းသာကြွယ်ဝမည်။ အားလုံးသော အင်္ဂါရပ်များနှင့် ပြည့်စုံညီညွှတ်ခြင်း၊ ကိုယ် စိတ်သန့်ရှင်းစင်ကြယ်ခြင်း၊ လုပ်ငန်းခွင်အမြင်ကျယ်ခြင်း၊ သူတော်ကောင်းစိတ်ထားရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ ဉာဏ်ပညာရှိခြင်း၊ ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာခြင်း၊ ဝတ်စားတန်ဆာများ ပြည့်စုံတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.