ဖေဖော်ဝါရီလ(၂)ရက်နေ့  နံနက် ၃း၃၅ နာရီမှ (၃)ရက်နေ့ နံနက် ၁း၅၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက် ၃း၃၅ နာရီမှ (၃)ရက်နေ့ နံနက် ၁း၅၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Sunday, February 2, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့  နံနက် ၃း၃၅ နာရီမှ (၃)ရက်နေ့ နံနက် ၁း၅၃ နာရီအတွင်းမွေးဖွားမည့် ကလေးများသည် ဥတ္တရဘဒြပိုဒ် နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ဥတ္တရဘဒြပိုဒ်နက္ခတ်၌ မွေးဖွားသောသူသည် အသားဖြူခြင်း၊ ကိုယ်ရည်သတ္တိရှိခြင်း၊ တရားသိခြင်း၊ ရန်သူကိုနှိမ်နင်းတတ်ခြင်း၊ နတ်အချို့ထက်ပင်သာလွန်တတ်သည်။ ထက်မြတ် သွက်လက် ရက်စက်ကြမ်းကြုတ်သူဖြစ်မည်။ သျှတ္တရကျမ်းများနှင့် ဘာသာရေးကျမ်းများကို ကောင်းစွာပြောဆိုနိုင်စွမ်းရှိမည်။ သားသမီး၊ မြေး၊ မြစ်တို့နှင့် ပျော်ရွှင်စွာ နေထိုင်ရတတ်သည်။ ရန်သူများကို အောင်နိုင်သည်။ ဘာသာရေးလေးစားသည်။ အသားဖြူခြင်း၊ခွန်အားဗလကြီးမားခြင်း၊ ကိုယ်ကျင့်တရားနှင့် ညီညွတ်စွာနေထိုင်ခြင်း၊ ရန်သူကိုတွန်းလှန်နိုင်ခြင်း၊ ရဲစိတ်ရဲမာန်တက်ကြွနေခြင်း၊ လူအများကြည်ညိုလေးစား အထင်းကြီးလောက်အောင် ဘုန်းတန်းခိုးကြီးမားတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.