ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၅း၁၅ နာရီမှ ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက် ၃း၃၄ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၅း၁၅ နာရီမှ ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက် ၃း၃၄ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Saturday, February 1, 2025

ကလေးမွေးဖွားချိန်

၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၅း၁၅ နာရီမှ ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက် ၃း၃၄ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ဗဘဒြပိုဒ် နက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ပြုပ္ဗဘဒြပိုဒ်နက္ခတ်၌ ဖွားသောသူသည် စကားတတ်ခြင်း၊ ချမ်းသာခြင်း၊ သားသမီးပွားစီ ထွန်းကားခြင်း၊ အအိပ်ကြီးခြင်း၊ အသုံးမကျသူဖြစ်မည်။ စိုးရိမ်ပူပန်ကြောင့်ကြတတ်သည်။ ဝမ်းနည်းကြေကွဲရတတ်သည်။ သူတပါးမယားကို အရှင်သခင်အနေဖြင့် ဆက်ဆံတတ်သည်။ စည်းစိမ်ချမ်းသာကြွယ်ဝ၍ လိမ္မာကျွမ်းကျင်သော်လည်း မလှူရက်၊ မတန်းရက်ဖြစ်နေတတ်သည်။ စကားအပြောအဆိုကြွယ်ဝခြင်း၊ သုခစည်းစိမ်ခံစားခြင်း၊ သားသမီးချွေရံများစွာရှိခြင်း၊ အအိပ်လွန်စွာကြီးခြင်း၊ အချိန်ကို အချည်းနှီးဖြုန်းတီးနေသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.