တနင်္လာသားသမီးများ၏ ဘဝတစ်သက်တာ ဆောင်ပန်း

တနင်္လာသားသမီးများ၏ ဘဝတစ်သက်တာ ဆောင်ပန်း

Friday, January 31, 2025

ဂမ္ဘီရ

တနင်္လာသားသမီးများ၏ ဘဝတစ်သက်တာမှာ နိုင်ငံခြားသို့ ပညာတော်သင်သွားရခြင်း ၊ဘုရားဖူးခရီးများ မကြာခဏသွားရခြင်း၊ ဂုဏ်သတင်းထင်ပေါ်မူရှိခြင်း ၊ဂုဏ်သိက္ခာရှိရှိလူလောကတွင်ရပ်တည်နေထိုင်နိုင်ခြင်း ၊ငွေကြေးအထုပ်လိုက် အထည်လိုက် မကြာခဏရရှိခြင်း ၊ထီပေါက်ခြင်း သို့မဟုတ် အမွေရခြင်း အစရှိသော အကျိုးတရားများကို ရရှိစေဖို့ ဆောင်ပန်းကို ကပ်လှူနိုင်ပါတယ်။

မိမိ၏ ဘဝတစ်သက်တာဆောင်ပန်းအဖြစ် မိမိနေအိမ်ရှိ ဘုရားစင်တွင် ပန်းအိုးတစ်လုံးနှင့်လှူထားပြီး တစ်ပတ်တစ်ကြိမ်လဲရန်ဖြစ်သည်။ မိမိမွေးနေ့မနက် ၉ နာရီမှ ၁၀ ခွဲအတွင်း ပြုလုပ်ရမည်ဖြစ်သည်။

တနင်္လာသားသမီးများ

၁ ကြွင်းတနင်္လာ  --- သီဟိုဠ် ၂၁ ညွန့်

၂ ကြွင်းတနင်္လာ  --- ထန်း ၁၀ ညွန့်

၃ ကြွင်းတနင်္လာ  --- ထန်း ၁၀ ညွန့်

၄ ကြွင်းတနင်္လာ --- ဇော်စိမ်း ၈ ညွန့်

၅ ကြွင်းတနင်္လာ  --- ထန်း ၁၀ ညွန့်

၆ ကြွင်းတနင်္လာ  --- ဇော်စိမ်း ၈ ညွန့်

၀ (၇) ကြွင်းတနင်္လာ  --- သီဟိုဠ် ၂၁ ညွန့်
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #တနင်္လာ #ဘဝ #ဆောင်ပန်း #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်