၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် ၆း၅၁ နာရီမှ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၅း၁၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် ၆း၅၁ နာရီမှ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၅း၁၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Friday, January 31, 2025

ကလေးမွေးဖွားချိန်

**************************
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် ၆း၅၁ နာရီမှ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက် ၅း၁၅ နာရီ အတွင်း မွေးဖွားမည့် ကလေးများသည် သတ္တဘိသျှနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

သတ္တဘိသျှနက္ခတ်၌ ဖွားသောသူသည် အထီးကျန်သူသည်လည်းကောင်း၊ စီးပွားဥစ္စာ ပြည့်စုံသူသည်လည်းကောင်း၊ သူ့သားမယားကို ပြစ်မှားမှီဝဲတတ်သူသည်လည်းကောင်း၊ တိုင်းတစ်ပါး၌ မိန်းမယစ်မူး ကာယကြူးသောသူသည်လည်းကောင်း ဖြစ်တတ်သည်။ သစ္စာရှိသည်။ မှန်ကန်ဖြောင့်မတ် ယုံကြည်စိတ်ချရသူ ဖြစ်တတ်သည်။ အသံပြာပြာနှင့် စကားပြောဆိုတတ်သည်။ အကျင့်စာရိတ္တကောင်းသည်။ ရန်သူများကို အောင်နိုင်မည်။ ရဲဝံ့စွန့်စားရဲမည်။ လက်အောက်ခံလုပ်မည် မဟုတ်ပါ။ လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ပါသည်။ နှမြောတွန့်တိုအံ့၊ ဥစ္စာဓန ချမ်းသာအံ့၊ သူတပါး မယားနှင့် ဖောက်ပြန်ကျူးလွန်တတ်ခြင်း၊ တိုင်းတပါး နိုင်ငံရပ်ခြားတွင်နေထိုင်ရန် ဆန္ဒရှိသူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.