အသက်အန္တရာယ်ကင်းစေတတ်တဲ့ ဂါထာ

အသက်အန္တရာယ်ကင်းစေတတ်တဲ့ ဂါထာ

Saturday, January 18, 2025

ဂမ္ဘီရ

************
အန္တရာယ်အမျိုးမျိုး ၊ ဒုက္ခအမျိုးမျိုး ၊ အသက်အန္တရာယ်အမျိုးမျိုးနဲ့ ရင်ဆိုင်တွေ့ကြုံရတတ်သဖြင့် အဲဒီလို အခက်အခဲတွေကနေပြီးတော့ ကျော်လွှားနိုင်အောင်လို့ ဒီဂါထာလေးကို တင်ပြပေးခြင်းဖြစ်ပါတယ်။

အသက်အန္တရာယ်ကင်း ဂါထာကလည်း ရွှေတိဂုံဘုရားရဲ့ ထီးတော် ၊ ကြေးစလောင်းတော်မှာလည်းဘဲ ရေးထိုးပြီးတော့ ပူဇော်ထားတဲ့ ဂါထာတော်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဂါထာလေးကို အနည်းဆုံး တစ်နေ့ကို (၃) ကြိမ်ရွတ်မယ်ဆိုရင် မိမိတို့ အသက်အန္တရာယ်ကင်းတဲ့အပြင် ဥပစ္ဆေဒကကံနှင့် သေမယ့်ကိစ္စတွေက လုံး၀ ကာကွယ်တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အသက်အန္တရာယ်ကင်းဂါထာ
“ တိဋ္ဌေယျ အန္တဝဿမှိ၊
ဇယုဿဝေါ သမာပန္နော။
တဒေ၀ ဝစနံ သစ္စံ၊
ဝန္ဒေ တံ လောကနာကံ။
တေန သစ္စေန ပုညေန၊
ဟောတု မေ ဇယမင်္ဂလံ။"

ဒီဂါထာလေးကို ရွတ်ဖတ်ပြီး ရှစ်ခိုးမယ်ဆိုရင် မိမိတို့ အခက်အခဲ အမျိုးမျိုး ၊ အန္တရာယ်အမျိုးမျိုး အသက်အန္တရာယ်အမျိုးမျိုးကနေ ဥပစ္ဆေဒကကံ အမျိုးမျိုးကနေ ဖယ်ရှားပြီးတော့မှ အန္တရာယ်ကင်းပြီး အသက်ရှည်မှာ ဖြစ်ပါတယ်။ အသက်အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ရွှေတိဂုံဘုရား #ဂါထာ #အန္တရာယ် #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်