၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ညနေ ၃း၅၅ နာရီမှ (၁၉)ရက်နေ့ ညနေ ၆း၃၃ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ
**************************
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ ညနေ ၃း၅၅ နာရီမှ (၁၉)ရက်နေ့ ညနေ ၆း၃၃ နာရီအတွင်း မွေးဖွားမည့်ကလေးများသည် ဥတ္တရဖလဂုဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။
၎င်းကလေးများသည် ဥတ္တရဖလဂုနီနက္ခတ်၌ ဖွားသောသူသည် ယဉ်ကျေးခြင်း၊ ရဲရင့်ခြင်း၊ နူးညံ့ခြင်းရှိမည်။ စကားတတ်မည်။ လေးသည်ကျော် ပဏ္ဍိတစ်ဦးဖြစ်မည်။ သူရဲကောင်းကြီးဖြစ်မည်။ လူချစ်လူခင်များမည်။ ချစ်စရာကောင်း၍ လှပချေမောမည်။ စာပေနှင့် အသက်မွေးကြောင်းပြုမည်။ အာရုံနှင့် အပျော်အပါးကို ခံစားမည်။ ပျော်ရွှင်မည်။ မိမိ၏စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း၊ ရဲစွမ်း သတ္တိရှိခြင်း၊ ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်ခြင်း၊ စစ်တိုက်ပညာ၌ ကောင်းစွာ ကျွမ်းကျင် တတ်မြောက်ခြင်း၊ စစ်ဗိုလ်ချုပ်ကြီးဖြစ်ရခြင်း၊ လူအများ၏ ချစ်ခင်လေးစားမှု ခံရတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.