၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့ နေ့လည် ၁း၅၀ နာရီမှ (၁၈)ရက်နေ့ ညနေ ၃း၅၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့ နေ့လည် ၁း၅၀ နာရီမှ (၁၈)ရက်နေ့ ညနေ ၃း၅၅ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Saturday, January 18, 2025

ကလေးမွေးဖွားချိန်

**************************
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့ နေ့လည် ၁း၅၀ နာရီမှ (၁၈)ရက်နေ့ ညနေ ၃း၅၅ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပြုပ္ပဖလဂုဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ပြုဗ္ဗဖလဂုနီနက္ခတ်၌ ဖွားသောသူသည် နွား၊ ကျွဲ၊ သတ္တဝါ ဥစ္စာဓနပေါကြွယ်ဝခြင်း၊ လေးနက်ခြင်း၊ မိန်းမချစ်ခြင်း၊ ချမ်းသာခြင်း၊ ပညာရှိအပူဇော်ခံရခြင်းရှိမည်။ လှူဒါန်းပေးကမ်းလိမ့်မည်။ ထင်ရှားကျော်ဇောမည်။ လှပချောမောသည်။ အမြဲမပြတ်ခရီးသွားလာနေတတ်သည်။ လမ်းလျှောက်နေမည်။ ပညာတတ်ဖြစ်မည်။ တိရစ္ဆာန်မွေးတတ်ခြင်း၊ နက်နဲသော အသိဉာဏ်ရှိခြင်း၊ လှပချောမွေ့သော အပျိုမိန်းကလေးများ၏ ချစ်ကြိုက်မှုကို ခံရခြင်း။ သုခချမ်းသာရှိခြင်း၊ လူအများ၏ လေးစားမှုကိုခံရခြင်းနှင့် ပဏ္ဍိတပညာရှိ ပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.