၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့  နံနက် ၁၁း၄၃ နာရီမှ (၁၄)ရက်နေ့ နံနက် ၁၁း၂၂ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက် ၁၁း၄၃ နာရီမှ (၁၄)ရက်နေ့ နံနက် ၁၁း၂၂ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Tuesday, January 14, 2025

ကလေးမွေးဖွားချိန်

**************************
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့  နံနက် ၁၁း၄၃ နာရီမှ (၁၄)ရက်နေ့ နံနက် ၁၁း၂၂ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ပုဏ္ဏဖုသျှနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ပုဏ္ဏဖုသျှနက္ခတ်၌ ဖွားသောသူသည် ငြိမ်သက်သည်။ ချမ်းသာသည်။ သုံးဆောင်ခံစားတတ်မည်။ အရှိန်အဝါကြီးမည်။ အများနှင့်ရင်းနှီးဝင်ဆံ့မည်။ သားသမီး၊ မိတ်ဆွေ၊ အခြွေအရံပေါမည်။ မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်လိမ့်မည်။ ပျော်ရွှင်လိမ့်မည်။ ရိုးသား၍ စိတ်ရင်းကောင်းသည်။ သို့သော် ဉာဏ်ထိုင်းမည်။ ချည့်နဲ့ချူချာမည်။ အာသာဆန္ဒ ပြင်းပြသော်လည်း အနည်းငယ်မျှနှင့် ရောင့်ရဲနိုင်မည်။ ငြိမ်းအေးခြင်း၊ ချမ်းသာခြင်း၊ ဘောဂစည်းစိမ်ရှိခြင်း၊ ရုပ်ရည်လှပခြင်း၊ လူအများကချစ်ခြင်း၊  သားမြေးတစုနှင့်အတူ နေရတတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.