၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွက် ကောင်းကျိုးအဖြာဖြာရရှိစေမယ့် ယတြာ
***********
အခု ဒီယတြာလေးကတော့ လအလိုက် တစ်လတိတိ ဆောင်ရွက်မယ့် လုပ်ရမယ့် ကုသိုလ်ယတြာလေးပဲ ဖြစ်ပါတယ်။ ဒီယတြာလေးကို ဆောင်ရွက်ခြင်းဖြင့် မိမိတို့ လအလိုက် တစ်လချင်းမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လူမှုရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး စတဲ့ ကိစ္စတွေမှာ အထောက်အပံ့တွေ ဖြစ်ပြီးတော့ ကံတွေကောင်းပြီးတော့မှ အခက်အခဲတွေ ပြေလည်ပြီးတော့မှ ဘဝမှာ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။
ယခုလအတွင်းကတော့ မဟာမြတ်မုနိဘုရားဟာ အောင်မြေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မဟာမြတ်မုနိဘုရားကို သွားရင်ပဲဖြစ်ဖြစ် ၊ မသွားနိုင်ရင်လည်း ဓာတ်ပုံပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် အိမ်ကနေ ရည်မှန်းပြီးတော့ လှူဒါန်းလို့လည်းဖြစ်ဖြစ် ဆောင်ရွက်နိုင်ပါတယ်။ မဟာမြတ်မုနိဘုရားမှာ အရှေ့အရပ်ကို မျက်နှာမူပြီး ပေါင်မုန့်နို့ဆမ်းကို ကပ်လှူကာ ချမ်းသာကြီးဂါထာကို (၉) ခေါက်ရွတ်ပြီးတော့မှ လိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။
ယတြာလုပ်ဆောင်ရမယ့်ရက်ကတော့ ၁၄.၁.၂၀၂၅ မှ ၁၂.၂.၂၀၂၅ အထိ ရက်နေ့အထိ တစ်လတိတိ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ချမ်းသာကြီးဂါထာ
“ သုခံ ဘဂျံ ဗလံ ဇေယံ ၊ ယသတေဇော လာဘံ အာယု၊
အဋ္ဌဝရာနိမာနေ၀ ၊ ဝဍ္ဎ န္တု ဇိနတေဇသာ”
.
ဒီတစ်လတာအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်တဲ့အရေးကိစ္စတွေ အဆင်ပြေပြီးတော့မှ ကုသိုလ်လည်းရ တဖက်က မိမိတို့ဘဝလည်း အေးချမ်းပြီးတော့မှ အောင်မြင်မှုတွေ တိုးတက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ဇန်နဝါရီလ #အိမ်ထောင်ရေး #စီးပွားရေး #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်