ဘယ်ဘက်ပါးပြင်မှာ “စံပယ်တင်မှဲ့” ပါရှိပါက ဖြစ်ပေါ်လာနိုင်သည့် ကံကြမ္မာ

ဘယ်ဘက်ပါးပြင်မှာ “စံပယ်တင်မှဲ့” ပါရှိပါက ဖြစ်ပေါ်လာနိုင်သည့် ကံကြမ္မာ

Thursday, September 26, 2024

ဂမ္ဘီရ

*********************
ဘယ်ဘက်ပါးပြင်မှာ မှဲ့ပါရှိပါက “စံပယ်တင်မှဲ့” ဟုခေါ် ပါသည်။

(က) အမျိုးသားများမှာ စိတ်ကောင်းနှလုံးကောင်းရှိတတ်သည်။ သဘောကောင်းတတ်သည်။ ငယ်စဉ်ကစပြီး ချမ်းသာကြွယ်ဝလာတတ်သည်။ စီးပွားရေး၊ လူမှုရေးကိစ္စများမှာ မှန်ကန်သော လုပ်ရပ်များ ဆောင်ရွက်မှုများဖြင့်သာ ဘဝကို ပုံဖော်လေ့ရှိတတ်သည်။ လူချစ်လူခင်များတတ်ပါသည်။ အသက်အရွယ်ကြီးသည်နှင့်အမျှ တရားဘာဝနာဘက်ကို ယိမ်းယိုင်ကာ ရသေ့၊ ယောဂီ၊ ရဟန်း ပြုတတ်သူဖြစ်ပါသည်။
 
(ခ) အမျိုးသမီး ဘယ်ဘက်ပါးပြင် နားရွက်နားမှာ မှဲ့ပါရှိပါက ထိုအမျိုးသမီးသည် ဉာဏ်ရည်ထက်မြက်တတ်သည်။ ကောင်းသောအတွေးအခေါ် အမျှော်အမြင်ရှိတတ်သည်။ အလုပ်အကိုင်ကိစ္စမှာ ဦးစီးဦးဆောင်ပြုလုပ်ရ တတ်ပါသည်။ အိမ်ထောင်ရေးမှာ အိမ်ထောင်ဦးစီးနေရာမှာ ယူတတ်ပြီး လင်ယောကျ်ားကို ဩဇာပေး ခိုင်းစေတတ်သူ ဖြစ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ဘယ်ဘက် #နှုတ်ခမ်း #မှဲ့ #ကံကြမ္မာ