![ပြည့်ဝကုံလုံ ကြွယ်ဝစေဖို့ လပြည့်နေ့ထူး ကုသိုလ်အဓိဌာန်အလှူ](https://imagesbucket.sgp1.digitaloceanspaces.com/nayla/dev/IGwa8PNATQUJ5HuT4YdiMw1rB2irzAeLDi98TGQs.jpg)
ပြည့်ဝကုံလုံ ကြွယ်ဝစေဖို့ လပြည့်နေ့ထူး ကုသိုလ်အဓိဌာန်အလှူ
************
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့တွင် ကုသိုလ်အဓိဌာန်အဖြစ် မြတ်စွာဘုရားရှင်အား ရည်မှန်း၍
၁။ သောက်တော်ရေ (၂၄) ခွက်
၂။ ဆီမီး (၂၄) တိုင်
၃။ ပန်း (၂၄) ပွင့်
၄။ ဆွမ်း (၂၄) ပွဲ
၅။ ပေါက်စီ (၁၀) လုံးကို (လေးလုံး ၊ သုံးလုံး ၊ နှစ်လုံး ၊ တစ်လုံး စေတီပုံတင်၍ သပြေခက်ဖြင့် ထီးတင်လှူဒါန်းပါ)
၆။ ကောက်ညှင်းပေါင်း (၁) ပွဲ ပေါ်တွင် အကြော် (၁၀) ခု
၇။ သစ်သီး (၂၄) လုံး (သို့မဟုတ်) သစ်သီးတစ်မျိုးထဲ (၂၄) လုံးတို့ကို ဆက်ကပ်လှူဒါန်းပါ။
(နံနက် ၅ နာရီ ၅ မိနစ် ၊ ၆ နာရီ ၄ မိနစ် ၊ ၇ နာရီ ၃ မိနစ် ၊ ၈ နာရီ ၂ မိနစ် ၊ ၉ နာရီ ၁ မိနစ် ၊ ၁၀ နာရီ ၁၀ မိနစ် ၊ ဆယ်ဂဏန်း ဆယ်ပြည့် ဆယ်မိစေရန် အောင်အတိတ် အောင်နိမိတ်အချိန်တွင် လှူဒါန်းပါ)
လှူဖွယ်ပစ္စည်းများ လှူဒါန်းရာတွင် ပဋ္ဌာန်း ၂၄ ပစ္စည်းကို အာရုံပြု၍ သပ်ရပ်စွာ နေရာချပြီး လှူဒါန်းပါ။ ငါးပါးသီလခံယူ ဆောက်တည်ကာ မိဘနှစ်ပါးတို့အား ဦးစွားဝန်ချ တောင်းပန်ကန်တော့ပါ။ (မြတ်စွာဘုရားမှ အမိနတ်သားအား ကျေးဇူးဆပ်သောအနေဖြင့် အဘိဓမ္မာတရားတော်ကို ဟောကြားခြင်းဖြစ်သောကြောင့် အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ်ထားခြင်းကြောင့် ဖြစ်ပါသည်)
ဤဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူပြီးကုန်သော် ဘုရား (၄) ဆူအား အာရုံပြု၍ ကပ်လှူပူဇော်ပါ။ ပူဇော်ပြီးပါက ပဋ္ဌာန်း (၂၄) ပစ္စည်းကို အကျဉ်း (၂၄ ) ခေါက် (သို့) အကျယ် (၂၄) ခေါက် တစ်ထိုင်တည်းအပြီး အဓိဋ္ဌာန်ကာ ရွတ်ပွားပူဇော်ပါ။ တစ်ကမ္ဘာလုံး တစ်လောကလုံးမှာ ရှိကြသော သတ္တဝါများအားလုံး မုန်တိုင်းဘေး ၊ ငလျှင်ဘေးများမှ လွတ်မြောက်ကာ စီးပွားရေးကပ် ၊ ဘေးဆိုး ၊ ရန်ဆိုး ၊ အန္တရာယ်ဆိုးများမှ ကျော်လွန်၍ ကောင်းသော လာဘ်လာဘ ၊ ကောင်းသော ကံတွေ ပွင့် ၊ ကံတွေမြင့်ပြီး ကောင်းသော အတိတ်နိမိတ်တွေ အလုံးစုံ လက်ဝယ်ပိုက် ရရှိစေရန် ဆုတောင်းမေတ္တာပို့သကြပါ။
>> ပံ့သကူပစ်ပါ။ (မည်သည့်ပုဂ္ဂိုလ်ဟု မရည်ရွယ်ဘဲ မမျှော်မှန်းဘဲ မိမိတတ်နိုင်သော ဒါနအမှုပြုလုပ်ပါ။ အကျိုးကျေးဇူးလည်း များပါသည်)
မေတ္တာစေတနာဖြင့်
သစ်တံခါးဆရာတော်
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #သီတင်းကျွတ်လပြည့်နေ့ #အဘိဓမ္မာအခါတော်နေ့ #လပြည့် #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်