အောက်တိုဘာလအတွက် ကောင်းကျိုးအဖြာဖြာ ရရှိစေတဲ့ယတြာ
**********************
လူတိုင်းလူတိုင်းကတော့ လအလိုက်ဖြစ်ဖြစ် တစ်နှစ်တာလုံးမှာ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး စသဖြင့်ပေါ့လေ မဖြစ်မနေ ဆောင်ရွက်နေကြပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ တချို့က အိမ်ထောင်ရေးကိစ္စတွေ အဆင်ပြေတယ် စီးပွားရေးတွေ အဆင်မပြေဘူး ။ တချို့က လူမှုရေးတွေ အဆင်မပြေဘူး။ တချို့က စီးပွားရေး အဆင်ပြေတယ် ကျန်းမာရေးမကောင်းဘူး စသဖြင့်ပေါ့လေ တစ်ခုမဟုတ်တစ်ခုကတော့ လိုအပ်ချက်တွေ ရှိနေကြပါတယ်။
အောက်တိုဘာလမှာ ပြုလုပ်ရမယ့် ယတြာကတော့ -
မိုးကောင်းဘုရားကိုပဲ သွားပြီးတော့ ပြုလုပ်လို့ရသလို မိုးကောင်းဘုရား ဓာတ်ပုံ (သို့) မိုးကောင်းဘုရားကို ရည်မှန်းပြီးတော့မှ တောင်ဘက်အရပ်ကို မျက်နှာမူပြီး မြေပဲယိုဆွမ်းကို ကပ်လှူရမှာ ဖြစ်ပါတယ်။
မြေပဲယိုဆွမ်းကပ်လှူပြီး အောင်ခြင်းရှစ်ပါးဂါထာကို (၉) ခေါက်ဖြစ်ဖြစ် (၂၇) ခေါက်ပဲ ဖြစ်ဖြစ် ရွတ်ဖတ်ရမှာ ဖြစ်ပါတယ်။ ၁၇.၁၀.၂၀၂၄ မှ ၁၅.၁၀.၂၀၂၄ ရက်နေ့အထိ တစ်လတိတိပြုလုပ်ရမှာ ဖြစ်ပါတယ်။
အောင်ခြင်းရှစ်ပါးဂါထာတော်
********************
“ မာရံ ယက္ခံ ဂဇံစောရံ ၊ စိဉ္စမာနဉ္စ သစ္စကံ၊
နာဂ ဗြဟ္မဇိနော ဇိနိ၊ သော မေ ဒေတု ဇယမင်္ဂလံ။”
နေ့စဉ်ဘုရားရှစ်ခိုးပြီး ဒီဂါထာနဲ့ ရွတ်ဖတ်ပြီးတော့မှ လိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် မိမိတို့ လစဉ် တွေ့ကြုံနေရတဲ့ လိုအပ်ချက်တွေ ၊ အခက်အခဲမှန်သမျှ ပြဿနာမှန်သမျှ ပြေလည်ပြီးတော့မှ ကောင်းကျိုးအဖြာဖြာနဲ့ ပြည့်စုံမှာ ဖြစ်ပါတယ်။ လိုရာဆန္ဒပြည့်ဝမှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #အောက်တိုဘာလ #အိမ်ထောင်ရေး #စီးပွားရေး #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်