၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွက် ခရီးသွားရန် အကောင်းဆုံးရက်များ
*************
လူတိုင်းလူတိုင်းဟာ ကိစ္စတစ်မျိုးမဟုတ်တစ်မျိုးနဲ့ ဖြစ်ဖြစ် စီးပွားရေးကိစ္စ ဖြစ်ဖြစ် ၊ တခြားကိစ္စပဲဖြစ်ဖြစ် ခရီးယာယီသွားတဲ့ အခါမှာ ပိုပြီးတော့မှ အဆင်ပြေအောင် မိမိတို့ လိုရင်းပန်းတိုင်ကိုရောက်အောင် ချောချောမောမောဖြစ်အောင်လို့ ဆောင်ရွက်ရမယ့် ခရီးသွားယတြာဆိုင်ရာများကို တင်ပြပေးမှာဖြစ်ပါတယ်။
အရင်ဆုံး ခရီးသွားတဲ့အခါမှာ အကောင်းဆုံးရက်နဲ့ အချိန်အခါတွေကို တင်ပြပေးခြင်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာကတော့ ခရီးသွားရင် အကောင်းဆုံးရက်တွေက -
၅ ရက် ကြာသပတေးနေ့ဆိုရင် ညနေ ၆း၂၃ မိနစ် နောက်ပိုင်းမှာ ခရီးသွားရင် အကောင်းဆုံးဖြစ်ပါတယ်။
၆ ရက် သောကြာနေ့ဆိုရင်တော့ တစ်နေ့လုံး သွားနိုင်ပါတယ်။ ကောင်းပါတယ်။
၁၂ ရက် ကြာသပတေးနေ့ကတော့ မနက် ၉း၁၃ မိနစ် မတိုင်မှီအထိဘဲ သွားရင်ကောင်းပါတယ်။
၁၅ ရက် တနင်္ဂနွေနေ့ကတော့ မနက် ၅း၂၅ မိနစ် နောက်ပိုင်းကျမှ သွားရင်ပိုပြီးတော့ ကောင်းပါတယ်။
၁၈ ရက် ဗုဒ္ဓဟူးနေ့ကတော့ တစ်နေ့လုံးကောင်းပါတယ်။
၂၃ ရက် တနင်္လာနေ့ကတော့ နေ့ခင်း ၁၂ နာရီ နောက်ပိုင်းမှာမှ သွားရင်ကောင်းပါတယ်။
၂၈ ရက် စနေနေ့ကတော့ ည ၁၁း၃၄ မိနစ် မတိုင်မှီအထိ သွားသင့်ပါတယ်။
ဒါကတော့ အကောင်းဆုံးရက်နှင့်အချိန်ကို ဖော်ပြပေးခြင်းဖြစ်ပါတယ်။
ခရီးသွားတဲ့အခါမှာ ကောင်းတဲ့ရက်ပဲဖြစ်ဖြစ် ၊ မကောင်းတဲ့ရက်ပဲဖြစ်ဖြစ် ၊ အလယ်အလတ်ရက်ပဲဖြစ်ဖြစ် မဖြစ်မနေ သွားရမယ်ဆိုရင်လည်းဘဲ အန္တရာယ်ကင်းအောင် “ သမ္ဗုဒ္ဓေ” ဂါထာ ရွတ်သွားရမှာဖြစ်ပါတယ်။
“ သမ္ဗုဒ္ဓေ” ဂါထာကတော့ ကားစီးတဲ့အခါမှာ ၊ ရထားစီးတဲ့အခါမှာ ၊ လှည်းစီးတဲ့အခါမှာ ၊ လှေစီးတဲ့အခါမှာ ၊ လေယာဉ်စီးတဲ့အခါတွေမှာ (၈) ခေါက် မဖြစ်မနေရွတ်ရမှာဖြစ်ပါတယ်။ အဲဒီလိုရွတ်မယ်ဆိုရင် မိမိတို့အန္တရာယ်ကင်းပြီးတော့မှ လိုရာပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ဒီဇင်ဘာလ #ခရီး #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်