တန်ဆောင်မုန်းလပြည့်နေ့အတွက် ကုသိုလ်အဓိဌာန်

တန်ဆောင်မုန်းလပြည့်နေ့အတွက် ကုသိုလ်အဓိဌာန်

Thursday, November 14, 2024

ဂမ္ဘီရ

*************************
    တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) နေ့ထူးနေ့မြတ်ကို အကြောင်းပြု၍ ကုသိုလ်အဓိဌာန် ပြုလိုသူများအတွက် -

မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး

၁။ ဆွမ်းတော် (၁၀) ပွဲ

၂။ ရေတော် (၁၀) ခွက်

၃။ အလင်းတိုင် (၁၀) တိုင်

၄။ သစ်သီး (၁၀) မျိုး (၁၀) လုံး (သို့) သစ်သီးစိပ် (၁၀) ပွဲ

၅။ အောင်သပြေ (၂၁) ညွန့်အား ဆပ်ကပ်လှူဒါန်းပါ။

(၅)ပါးသီလ (သို့) (၈)ပါးသီလ ဆောက်တည်စောင့်ထိန်းပါ။ မိမိနှစ်သက်ရာ ဂုဏ်တော်ပွားခြင်း ပရိတ်ပဋ္ဌာန်းများကို ရွတ်ဖတ်ပူဇော်ပါ။


*    အရဟံသိဒ္ဓိ ဘဂဝါအောင် (၁၀၈) လုံးပုတီးဖြင့် (၁၀) ပတ်စိပ်ပါ။
*    မေတ္တာပို့ပါ။
*    သစ္စာဆိုပါ။
*    အမျှပေးဝေပါ။


    ဒါနကုသိုလ် ၊ သီလကုသိုလ် ၊ သမထ ဘာဝနာ ၊ ဝိပဿနာ ဘာဝနာ ကုသိုလ်တို့ကို အထုံပါရမီဖြစ်အောင် နေ့စဉ်မှသည် နေ့လနှစ်တိုင်း ကုသိုလ်တရားများ ကျင့်ကြံပွားများ အားထုတ်ကြ၍ မိမိတို့ဘ၀ တစ်သက်တာ ကျန်းမာရေးကောင်းခြင်း ၊ စီးပွားရေးကောင်းခြင်း ၊ လူမှုရေးကောင်းခြင်း ၊ ဘေးအန္တရာယ်ကင်းရခြင်း ၊ ကပ်ရောဂါကင်းရခြင်းများ ဖြစ်ကြပြီးလျှင် စိတ်တည်ကြည်ကာ အေးချမ်းသော ဘဝပိုင်ရှင်၊ ငြိမ်းချမ်းသော ဘဝပိုင်ရှင်များ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါ။
သတ္တဝါတွေ အေးချမ်းစေဖို့ ငြိမ်းချမ်းစေဖို့ ကုသိုလ်ပြုရင်း မေတ္တာထားကြပါ .....
.
မေတ္တာစေတနာဖြင့် -    သစ်တံခါးဆရာတော်
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #တန်ဆောင်မုန်းလပြည့်နေ့ #သာမညဖလအခါတော်နေ့ #လပြည့် #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်