ငွေကြေး လာဘ်ရွင်စေပြီး အကျိုးထူးများရရှိစေတဲ့ ထူးခြားနေ့ရက် ၉ စနေ နှစ်ထပ်

ငွေကြေး လာဘ်ရွင်စေပြီး အကျိုးထူးများရရှိစေတဲ့ ထူးခြားနေ့ရက် ၉ စနေ နှစ်ထပ်

Friday, November 8, 2024

ဂမ္ဘီရ

************
၁၃၈၆ခု တန်ဆောင်မုန်းလဆန်း ၉ ရက် စနေနေ့
* အင်္ဂလိပ်လို 9 ရက်နေ့ စနေနေ့
* မြန်မာလို ၉ ရက်နေ့ စနေနေ့ ဖြစ်တာကြောင့် ၉ စနေ နှစ်ထပ်ကျတဲ့ နေ့လို့ ခေါ်ပါတယ်။


၎င်းနေ့ရက်မှာ လောကီအစီအရင်များ ပြုလုပ်ရာတွင် အောင်မြင်မှု့ကို များစွာ ရတက် ချက်ချင်းအကျိုးပေးတက်ပါတယ်။ နဝင်းယတြာများကိုလည်း သေချာလေး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

နံနက် ၉ နာရီ ၄၅ မိနစ်မှာ -
* အလင်းတိုင် ၉ တိုင် ၊ အမွှေးတိုင် ၉ တိုင် ၊ သောက်တော်ရေ ၉ ခွက် မိမိအိမ်ဘုရားမှာ ကပ်လှူပါ။ ပထမဦးစွာ ၅ ပါးသီလ ခံယူပါ။

* သမ္ဗုဒ္ဓေ ဂါတာ ၉ ခေါက် ရွတ်ပါ၊

* ဒိဝါတပတိ ဂါတာ ၂၇ ခေါက်ရွတ်ပါ၊

* ဘုရားဂုဏ်တော် ၉ ပါး ပုတီး ၉ ပါတ်စိပ်ပါ၊ ၉ ရက်တိတိ အဓိဋ္ဌာန်ပြုပါ။

(၉)ရက်နေ့ စနေ ကစပြီး ၉ရက် တစ်ဖြတ်စီ ၉ ကြိမ် တိတိ ရက်ပေါင်း ၈၁ ရက် အဓိဋ္ဌာန် ဝင်ပေးပါက ပိုကောင်းပါသည်။


♦ အကယ်၍ ၉ ကြိမ်မအောင်နိုင်ပါက တစ်ကြိမ်အောင်လျှင်လည်း တစ်ကြိမ်အောင်သလောက် အကျိုးထူးပါမည်။

၉ စနေဖြစ်တာကြောင့် နဂါးသိုက်  နဂါးဆက် နတ်နဂါး သိုက်နဂါး များကို ကုသိုလ်ပြုပေးခြင်း နွားနို့ ၊ ပေါက်ပေါက်များ ၊ နှင်းဆီပန်းများ လှူခြင်း ၊ မေတ္တာပို့ပေးခြင်း ၊ အမျှဝေခြင်း ပြုလုပ်ပေးပါ။  ၉ ခါတိတိ အမျှဝေပေးရပါတယ်။

(၉)ရက်နေ့ စနေ သည် စိတ်ပိုင်းဆိုင်ရာ နာမ်ပိုင်းဆိုင်ရာများ အပေါ် အင်အားဖြစ်စေခြင်း၊ အေးချမ်းသာယာစေခြင်း နှင့် မမြင်အပ်သော လောကတွေကို ပိုမိုသက်ရောက်စေသည်ဟု ဆိုကြပါသည်။

မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် အဓိဌာန်ဝင်ခြင်း၊ ကောင်းမှုဒါနပြုခြင်းဖြင့် လျှင်မြန်သော အကျိုးထူးများရရှိ နိုင်ပါသည်။

Credit
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #စနေနှစ်ထပ် #9ဂဏန်း #အဓိဌာန် #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်