နိုဝင်ဘာလအတွက် ကောင်းကျိုးအဖြာဖြာ ပြည့်ဝစေတဲ့ ယတြာ
************************
ကောင်းကျိုးအဖြာဖြာ ပြည့်ဝစေတဲ့ ယတြာလုပ်ရမယ့် အစီအစဉ်ကတော့ -
၁၆.၁၁.၂၀၂၄ မှ ၁၅.၁၂.၂၀၂၄ အထိ ယခုယတြာကို လုပ်ရမှာ ဖြစ်ပါတယ်။ ယခုလမှာ အလိုတော်ပြည့်မြတ်စွာဘုရားဟာ အောင်မြေဖြစ်ပါတယ်။ ဒါကြောင့် အလိုတော်ပြည့်မြတ်စွာဘုရားကို အရှေ့အရပ်ကနေ မျက်နှာမူပြီးတော့မှ မလိုင်နို့ဆွမ်းကို ကပ်လှူရမှာ ဖြစ်ပါတယ်။ (အရှေ့အရပ်ကို မျက်နှာမူပြီးတော့ မလိုင်နို့ဆွမ်းကပ်ရမယ်ဆိုပါက အနောက်အရပ်ကနေပြီးတော့မှ အရှေ့လှည့်ပြီးတော့ ကပ်ရမှာ ဖြစ်ပါတယ်)
အဲဒီလိုကပ်တဲ့အခါမှာ တချို့ကျတော့လည်း အလိုတော်ပြည့်ဘုရားကို မသွားနိုင်ဘူးဆိုပါက အိမ်မှာ ဓာတ်ပုံရှိတယ်ဆိုပါက ဓာတ်ပုံမှာ ကပ်လှူလို့ရပါတယ်။ တကယ်လို့ ဓာတ်ပုံလည်း မရှိဘူး သွားလည်းမသွားနိုင်ဘူးဆိုပါက အလိုတော်ပြည့် မြတ်စွာဘုရားကို ရည်မှန်းပြီးတော့ ဒီယတြာလေးကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ မလိုင်နို့ဆွမ်းကပ်လှူပြီး “ပုဗ္ဗဏှသုတ်” ကို ရွတ်ဆိုရမှာ ဖြစ်ပါတယ်။
“ ပုဗ္ဗဏှသုတ်” ကို ရွတ်တာကတော့ တတ်နိုင်တယ်ဆိုရင် (၇) ခေါက် ၊ (၉) ခေါက် ၊ (၂၇) ခေါက် ရွတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို ရွတ်ပြီးတော့မှ မိမိလိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။
အခုပြုလုပ်နေစဉ်ကာလမှာ အခက်အခဲဖြစ်နေတဲ့ အရေးကိစ္စကို ဦးစားပေးပြီးတော့ မိမိဖြစ်စေချင်တဲ့ ဆန္ဒကို ဆုတောင်းရမှာ ဖြစ်ပါတယ်။
ဒီယတြာကို ပြုခြင်းဖြင့် ကောင်းကျိုးအဖြာဖြာ ပြည့်ဝကြပါစေလို့ ဆုတောင်းရင်း အားလုံးကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #နိုဝင်ဘာလ #အိမ်ထောင်ရေး #စီးပွားရေး #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်