ဒီဇင်ဘာလအတွက် ကောင်းကျိုးအဖြာဖြာရရှိစေမယ့် ယတြာ

ဒီဇင်ဘာလအတွက် ကောင်းကျိုးအဖြာဖြာရရှိစေမယ့် ယတြာ

Thursday, December 5, 2024

ဂမ္ဘီရ

*****************************
ယခုဒီဇင်ဘာလအတွင်းကတော့  ငါးထပ်ကြီးဘုရားဟာ အောင်မြေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငါးထပ်ကြီးဘုရားကို သွားရင်ပဲဖြစ်ဖြစ် ၊ မသွားနိုင်ရင်လည်း ဓာတ်ပုံပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် အိမ်ကနေ ရည်မှန်းပြီးတော့ လှူဒါန်းလို့လည်းဖြစ်ဖြစ် ဆောင်ရွက်နိုင်ပါတယ်။

ငါးထပ်ကြီးဘုရားကို လှူတဲ့အခါမှာလည်း အနောက်ဘက်အရပ်ကို မျက်နှာမူပြီးတော့ ပဲဒံပေါက်ဆွမ်းကို ကပ်လှူဆုတောင်းပြီး လှူဒါန်းရမှာဖြစ်ပါတယ်။ လှူဒါန်းပြီးပါက တရားဂုဏ်တော် (၆) ပါးကို မိမိတို့တတ်အားသဖြင့် များများရွတ်ရမှာ ဖြစ်ပါတယ်။ (၉) ခေါက်ဖြစ်ဖြစ် ၊ (၁၈) ခေါက်ဖြစ်ဖြစ် ၊ (၂၇ ) ခေါက်ဖြစ်ဖြစ် ဒါထက်များများဖြစ်ဖြစ် ရွတ်ဖတ်ပြီးတော့မှ လိုရာဆုတောင်းရမှာဖြစ်ပါတယ်။

ယတြာလုပ်ဆောင်ရမယ့်ရက်ကတော့ ၁၆.၁၂.၂၀၂၄ ရက်နေ့မှ ၁၅.၁.၂၀၂၅ ရက်နေ့အထိ တစ်လတိတိ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တရားဂုဏ်တော် (၆) ပါး
  “၁။ သွာက္ခာတော ဘဂဝတော ဓမ္မော
   ၂။ သန္ဒိဋ္ဌိကော
   ၃။  အကာလိကော
   ၄။ ဧဟိပဿိကော
   ၅။ ဩပနေယျိကော
   ၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။” ဆိုတဲ့ ဒီတရားဂုဏ်တော် (၆) ပါးကို ရွတ်ဖတ်ပြီးတော့မှ လိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။


ဒီတစ်လတာအတွင်းမှာ လုပ်ကိုင်ဆောင်ရွက်တဲ့အရေးကိစ္စတွေ အဆင်ပြေပြီးတော့မှ ကုသိုလ်လည်းရ တဖက်က မိမိတို့ဘဝလည်း အေးချမ်းပြီးတော့မှ အောင်မြင်မှုတွေ တိုးတက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.

#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ဒီဇင်ဘာလ #အိမ်ထောင်ရေး #စီးပွားရေး #ယတြာ #ဆောင်ရန် #ရှောင်ရန် #ဗေဒင်