၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့  ည ၀၂း၄၈ နာရီမှ (၁၁)ရက်နေ့ နေ့လည် ၁း၃၂ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ ည ၀၂း၄၈ နာရီမှ (၁၁)ရက်နေ့ နေ့လည် ၁း၃၂ နာရီ မွေးဖွားမည့်ရင်သွေးများ၏ ဘဝဖြစ်စဉ်ဟောကိန်းများ

Saturday, January 11, 2025

ကလေးမွေးဖွားချိန်

**************************
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့  ည ၀၂း၄၈ နာရီမှ (၁၁)ရက်နေ့ နေ့လည် ၁း၃၂ နာရီအတွင်း မွေးဖွားမည့် ကလေးများသည် ရောဟဏီနက္ခတ်နှင့် ယှဉ်၍ မွေးဖွားမည်ဖြစ်သည်။

၎င်းကလေးများသည် ရောဟဏီနက္ခတ်၌ ဖွားသောသူသည် ဓနရှင်ဖြစ်သည်။ ကျေးဇူးသိမည်။ ဉာဏ်လျင်မည်။ မင်းမြတ်နိုးခြင်း ခံရမည်။ ချစ်ဖွယ်စကားဆိုတတ်သည်။ မှန်ရာကို ဆိုတတ်သည်။ ရုပ်ကောင်း သည်။ သစ္စာရှိသည်။ ရိုးသားဖြောင့်မတ်သည်။ သန့်ရှင်းသည်။ ဖြောင့်ဖျ ပြောဆိုနိုင်စွမ်းရှိသည်။ ဖြေးဖြေးမှန်မှန်စိတ်ထားနှင့် နှလုံးသားရှိသည်။ ရုပ်ဆင်းရူပကာ အလွန်တရာ ကြည့်၍ ကောင်းသည်။ ဥစ္စာဓနကြွယ်ဝချမ်းသာခြင်း၊ သူတပါး၏ကျေးဇူးကို သိတတ်ခြင်း၊ သည်းခံနိုင်သော စိတ်စွမ်းအင်ရှိခြင်း၊ မင်းအစိုးရ၏ ဂုဏ်ပြုမှုကိုခံရခြင်း၊ ချစ်စဖွယ် စကားကို ပြောဆိုတတ်ခြင်း၊ မှန်ကန်သော သစ္စာစကားကိုသာ ပြောလေ့ရှိခြင်းနှင့် ရုပ်ရည်ချော မွေ့သူ ဖြစ်တတ်ပါသည်။
.
ဆရာစိုးနိုင် (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)
.